Part 37 (U&Z)

3K 252 8
                                    

(Unicode)

*ရိပေါ်...ငါ ခဏလောက် နားပါရစေ...ပြီးမှ မင်း ပြောချင်တာ ပြောပါ...

မိမိကို ခပ်မှေးမှေး မှီထားတဲ့ ရှောင်းကျန့်အား ဝမ်ရိပေါ် က ပွေ့ချီလိုက်သည်။

*ဘာလုပ်တာလဲ...

*ကျန့်ကော ခြေထောက် နာနေပြီ မဟုတ်လား...အပြင်မှာ အေးတယ်လေ...အထဲဝင်ရအောင်...

ရှောင်းကျန့်က ငြင်းမနေပဲ ငြိမ်သက်စွာပဲ လိုက်ပါခဲ့သည်။ ဝမ်ရိပေါ်က အိပ်ရာပေါ်မှာ နေရာ ချပေးပြီး ရှောင်းကျန့် ခြေထောက်မှ ဖိနပ်တို့ကို ချွတ်ပေးနေသည်။

*ထားပါ...ငါ လုပ်နိုင်ပါတယ်...ဘေးဖယ်...

ရှောင်းကျန့် ဘာပြောပြော ဝမ်ရိပေါ်က ဂရုမစိုက်စွာ ဆက်လုပ်နေခဲ့သည်။

*ဘာလဲ...မင်းရဲ့ ရှင်ဘုရင့် အာဏာက...ငါ့အပေါ်မှာပဲ ရှိတာလား...

ရှောင်းကျန့်က မကျေမနပ် မေးလိုက်သည်။

*မဟုတ်ဘူး...ရှင်ဘုရင် တပါးရဲ့ အနွံ့အတာခံမှုက ခင်ဗျား တယောက်ထဲ အတွက်ပဲ ရှိတာ...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်ရည် ဝဲသွားသည်။ မိမိရှေ့မှာ ငုတ်ငုတ်လေး ထိုင်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က ဆွဲထူကာ ဖက်လိုက်မိသည်။

*ငါ အားနည်းသွားတာလား...အသက်ကြီး သွားလို့လား...အရမ်း ဝမ်းနည်းတတ်လာတယ်...

ရှောင်းကျန့်က ရှိုက်သံစွက်ရင်း ပြောလိုက်သည်။ ဝမ်ရိပေါ်က ရှောင်းကျန့်နဲ့ ရင်ဖက်ချင်း အပ်အောင် တင်းကြပ်စွာ ဖက်လိုက်သည်။ ထို့နောက် ရှောင်းကျန့် လည်တိုင်ကို ဖွဖွနမ်းပြန်သည်။

*မဟုတ်ပါဘူး...ကျန့်ကောက အရမ်း ချစ်တတ် လာလို့ပါ...ကျွန်တော့်ကိုလေ...

ဝမ်ရိပေါ် စကားကြောင့်ရှောင်းကျန့်က ခပ်ဖွဖွ ရယ်လိုက်သည်။

*မင်းက လိပ်လား...ကိုယ့်ဘက်ကိုယ် ယက်နေတာ...

*ဟင့်အင်း...ထွန်ခြစ်...ကျန့်ကောကို ကျွန်တော့် ရင်ခွင်ထဲရောက်အောင်...ဆွဲခြစ် ယူချင်နေတာ...

ရယ်မောသံတို့ ဆူညံသွားသည်။ တယောက်နဲ့တယောက် အနိုင်မခံ စနောက်ရင်း နန်းဆောင်ထဲမှာ သောသောညံနေတော့သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now