(Unicode)
ရေအေးကန်ထဲကျပြီး ရေကပျဥ်မှာ ထိုင်ငိုခဲ့တဲ့ ရလာဒ်အဖြစ် ရှန်းရှန်တယောက် ၃ ရက်လောက် အပြင်းဖျားတော့သည်။ ထိုအတောအတွင်း ရှောင်းကျန့်ကလည်း နန်းတော်ကို ပြန်မလာခဲ့။ ဝမ်ရိပေါ် တယောက်သာ နန်းဆောင်ထဲ ထိုင်ပြီး ရင်ပူနေရတော့သည်။
*ဟင်...
မနက်စောစော အပြေး လေ့ကျင့်ပြီး ပြန်လာတဲ့ ဝမ်ရိပေါ်တယောက် စားပွဲပေါ်က စာကြောင့် အံ့ဩသွားရသည်။
ချင်းချူ ဆီကလား...
စာကို ကဗျာကယာ ယူဖတ်လိုက်မိသည်။
**ည ၁၀ နာရီ မြို့တောင်ဖက် တံခါး လေချွန်သံ ၃ ချက်**
*အား...ဒါ ချင်းချူဆီကိုပဲ...ဒါနဲ့...ဘယ်လိုလုပ်ပြီး သွားရမှာလဲ...ငါ တခါမှ အပြင် မထွက်ဖူးဘူးလေ...ခက်တာပဲ...
ဝမ်ရိပေါ် ခမျာ စာကို ဖတ်လိုက် လမ်းလျှောက်လိုက်နဲ့ ယောက်ယက်ခတ် နေတော့သည်။
*ယဲ့ကုန်းကုန်း...ကျင်းကိုယ်ရံတော်ကို မြန်မြန် ခေါ်လာခဲ့...
*ကောင်းပါပြီ မင်းကြီး...
ယဲ့ကုန်းကုန်းက ပြေးထွက်သွားသည်။ ဝမ်ရိပေါ်မှာတော့ ရင်တွေတောင် တုန်နေသည်။
*ရောက်ပါပြီ မင်းကြီး...
ကျင်းကိုယ်ရံတော်က ဦးညွတ်ကာ အရိုအသေ ပေးသည်။ ဝမ်ရိပေါ်က အနား လာရန် လက်ဟန်ပြလိုက်သည်။
*အမိန့်ရှိပါ မင်းကြီး...
*ကျင်းကိုယ်ရံတော်...ဒီည ၁၀ နာရီမှာ...မြို့တောင်ဘက် တံခါးကို ကိုယ်တော်နဲ့ အတူ သွားစရာရှိတယ်...ဘယ်သူမှ မသိစေနဲ့...
*ဟင်...
ခပ်တိုးတိုး ပြောလိုက်တဲ့ မင်းကြီး စကားကြောင့် ကျင်းကိုယ်ရံတော်က မယုံကြည်နိုင်သလို ကြောင်ကြောင်လေး ကြည့်နေသည်။
*အဲ့ဒါ...အသင့်ပြင်ထားပါ...
ဝမ်ရိပေါ်က စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။
*မင်း...မင်းကြီး...တ...တကယ်ကြီးလား...
*အင်း...
ကျင်းကိုယ်ရံတော် ခမျာ အသံတွေတောင် တုန်နေသည်။
ဟုတ်တယ်လေ။ ကျင်းကိုယ်ရံတော် ဆိုတာ ဝမ်ရိပေါ် အိမ်ရှေ့စံဘဝ ကတည်းက အနီးကပ် ကိုယ်ရံတော် လုပ်လာရတာ။ အခုဆို ဝမ်ရိပေါ်တောင် မင်းကြီး အခေါ် ခံနေရပြီ။ ဒါပေမယ့် မင်းကြီးက ဘာမှ မလုပ်။ ဘယ်မှ မသွားနဲ့ ဆိုတော့ သူ သင်ထားရတဲ့ သိုင်းပညာတောင် မပျောက်သွားအောင် မနည်း ကြိုးစားနေရတာ မဟုတ်လား။ အခုတော့ မင်းကြီး ဝမ်ရိပေါ်က နန်းတော်မှ ခိုးထွက်မယ် ဆိုပဲ။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed