Part 5 (U&Z)

4.2K 329 16
                                    

(Unicode)

*ဘာ...ဘာပြောတယ် ရှောင်းလူကြီးမင်း...

မင်းကြီးကောင်းချန်က အံ့ဩကြီးစွာ အော်မိတော့သည်။ ထို့နောက် ရှောင်းလူကြီးမင်းကို မယုံကြည်နိုင်သလို ကြည့်နေလေသည်။

*မှန်ပါတယ် မင်းကြီး...
ကျွန်တော်တို့ ရှောင်းလေးကို...ကျုံးကျင်းဘုရင်နဲ့ လက်ဆက်ဖို့...သဘောတူပါတယ်...

*ဘာလို့လဲ...ဘာလို့ သဘောတူရတာလဲ...ကိုယ်တော့်ကိုကျ မျိုးရိုးတခုလုံးရဲ့ အသက်တွေ ရင်းပြီး ငြင်းခဲ့ကြတယ် မဟုတ်လား...အခု ကျုံးကျင်းဘုရင်ကျမှ...ဘာလို့လဲ...ဘာလို့လဲ...

မင်းကြီးကောင်းချန်က ဒေါသတကြီး အော်ဟစ်လိုက်သည်။ ​ေရှာင်းလူကြီးမင်းက သက်ပြင်းချသည်။

*ဟင်းးး...တကယ်တော့ မင်းကြီးကိုမှ ငြင်းချင်တာ မဟုတ်ပါဘူး...ကျုံးကျင်းဘုရင်ကိုလည်း ငြင်းချင်ပါတယ်...မင်းကြီးကို ငြင်းလိုက်ရင်...ကျွန်တော်တို့ မျိုးရိုးတခုပဲ သေရမှာပါ...ဒါပေမယ့် ချစ်ကြည်ရေးအရ လက်ဆက်တာကို ငြင်းရင်တော့ တတိုင်းပြည်လုံးက ခက်ခဲ ကြပ်တည်းတဲ့ဒဏ်ကို ခံရမှာပါ...ကျွန်တော်တို့ ကလေးကြောင့် အပြစ်မဲ့တဲ့တိုင်းသူပြည်သားတွေ ဆင်းရဲရမှာကို လက်မခံနိုင်ပါဘူး မင်းကြီး...ဒါကြောင့် လက်ခံပါတယ်...

*ရှောင်းအတွက်ဆို...ကိုယ်တော်က ကျုံးကျင်းကိုလည်း ရင်ဆိုင်ရဲပါတယ် ရှောင်းလူကြီးမင်းရယ်...အခုလို မလုပ်ပါနဲ့...

မင်းကြီးကောင်းချန်က ရှောင်းလူကြီးမင်းကို တောင်းပန်သလို ပြောလိုက်သည်။

*မင်းကြီးက ရင်ဆိုင်ရဲပေမယ့်...လူတွေကတော့ ရှောင်းလေးကို မုန်းကြမှာပါ...ရှောင်းလေးကြောင့် ဒီဒုက္ခတွေကို သူတို့ ခံစားရတယ် ဆိုပြီး အပြစ် တင်ကြပါလိမ့်မယ်...တတိုင်းပြည်လုံးအတွက် ဒီတယောက်ကို စတေးရတာ တန်ပါတယ် မင်းကြီးရယ်...

ရှောင်းလူကြီးမင်းက ပြောရင်း မျက်ရည်ကျသည်။ ကောင်းချန် ဘာပြောရမည် မသိတော့။ မိမိတောင် ဒီလောက် ခံစားနေရရင် ရှောင်းလူကြီးမင်း ရင်ထဲမှာ မီးဖို ထားသလိုပင် ရှိလိမ့်မည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now