(Unicode)
*ဘာ...အရိပ်လူကို ရှာမတွေ့ဘူး ဟုတ်လား...ဘယ်လို ဖြစ်တာလဲ...
သတင်းလာပို့တဲ့ အထိန်းတော်ကို လော့ချိုင်မယ်မယ်ကြီးက အံ့ဩတကြီး မေးလိုက်သည်။ သူမ အရိပ်လူကို ခေါ်ခိုင်းနေတာ တပတ် ရှိပြီ။ အဆက်အသွယ် မရခဲ့။
*ဟုတ်ပါတယ် မယ်မယ်ကြီး...စာ ထားခဲ့လည်း ဖတ်တဲ့ပုံ မရှိပါဘူး...ကြည့်ရတာ လာကို မလာတာလို့ ထင်ပါတယ်...
*အင်း...ထူးဆန်းတယ်...
အရိပ်လူဆိုတာ သူမ ခင်ပွန်း သေပြီးကတည်းက လော့ချိုင်မယ်မယ်ကြီးက လက်ရုံးတဆူလို အားကိုး ခဲ့ရတဲ့သူ။ ဘယ်လောက်ပဲ ခက်ခဲပါစေ မညည်းညူခဲ့။ ရာထူး ရာခံမတောင်းပဲ သူမ နောက်မှာ အရိပ်တခုလို ရှိခဲ့တဲ့သူ။ ဒါကြောင့်ပဲ အရိပ်လူလို့ ခေါ်တွင်စေခဲ့တာ။
အခု ထိုလူက ပျောက်နေသည်။ ဘယ်သူ့ လက်ချက်လဲ။ ဒီနန်းတော်မှာ မိမိကို အာခံရဲသူက ရှောင်းကျန့် တယောက်ထဲ။ ထိုတယောက်ကလည်း သေကောင်ပေါင်းလဲ ဒဏ်ရာတွေနဲ့လေ။
မိမိကို ဘယ်သူ ဒုက္ခပေးချင်နေသလဲ။ မဖြစ်ဘူး။ တခုခု လုပ်မှပဲ။
*သွား...ကာကွယ်ရေးအမတ်ကို ခေါ်လာခဲ့...
*ကောင်းပါပြီ မယ်မယ်ကြီး...
အထိန်းတော်က ပြေးထွက်သွားသည်။ လော့ချိုင်မယ်မယ်ကြီးက အတွေးနဲ့ အစီအစဥ်တွေ ချနေခဲ့လေသည်။ မကြာခင်မှာပင် ကာကွယ်ရေးအမတ် ရောက်ရှိလာလေသည်။
*မယ်မယ်ကြီး အခေါ်ရှိတယ် ဆိုလို့ပါ...ဘာအကြောင်းများ ရှိလို့ပါလဲ...
ကာကွယ်ရေးအမတ်က အရိုအသေပေးရင်း မေးလိုက်သည်။
*အမတ်ကြီး...အခု အခြေအနေမှာ ရှောင်းကျန့်ကို ဖယ်ရှားဖို့...နည်းလမ်းတခုပဲ ရှိတော့တယ်...
*အမိန့်ရှိပါ မယ်မယ်ကြီး...
*မျိုးဆက်...မြေးတော်ရဲ့ မျိုးဆက်...အဲ့ဒါကို ညီလာခံမှာ တောင်းဆိုပါ...ကြင်ယာတော်နဲ့ အိပ်ဆောင် ဝင်ဖို့အတွက်...တောင်းဆိုပါ...တကယ်လို့သာ
သားတော်လေး မွေးခဲ့ရင်...အိမ်ရှေ့စံရဲ့မယ်တော်က အခရာပဲ...ချင်းချူဟွား ဘာမှ မတတ်နိုင်တော့ဘူး...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed