Part 30 (U&Z)

3.2K 270 8
                                    

(Unicode)

*​ေဩာ်...အဲ့လိုလား...

ဟုံးလင် ပြောသမျှ နားထောင်ပြီး ရှောင်းကျန့်က ေရရွတ်လိုက်သည်။

*သူက သေသေချာချာကို...စီစဥ် နေတာလို့ ပြောပါတယ် ချင်းချူ...ဒါပေမယ့် ကျွန်တော်တို့ ကိုယ်ရံတော်တွေ အားလုံးကလည်း...ချင်းချူ နောက်ကို လိုက်ခဲ့မှာပါ...စိတ်မပူပါနဲ့...

ဟုံးလင် စကားကို ရှောင်းကျန့်က ခေါင်းခါပြလိုက်သည်။

*မလိုက်နဲ့...ငါ ပြောသလိုသာ လုပ်ပါ...

ရှောင်းကျန့်က ဟုံးလင်ကို တီးတိုး ပြောလိုက်သည်။

*ဖြစ်ပမလား ချင်းချူ...

*ဘုရင်နဲ့ ယူလို့ မိဖုရား နေရာ ရောက်နေလဲ...ငါက စစ်သူကြီးပါကွာ...စိတ်မပူပါနဲ့...
ေလ​ြပင်းကို ခုခံရင် ပင်ပန်းတာပေါ့...လေပြင်းအတိုင်း အလိုက်သင့် လိုက်သွားရင်...သူတို့ ရည်မှန်းချက်က ကိုယ့်အတွက် ​ဖြစ်သွားတာပေါ့...

ပြုံးစစနဲ့ ပြောနေတဲ့ ရှောင်းကျန့်ကို ကြည့်ပြီး ဟုံးလင်က ခေါင်းငြိမ့်ပြလိုက်သည်။ ဒါက ရှောင်းစစ်သူကြီးရဲ့ ပင်ကိုယ်အရည်အချင်းပဲလေ။ စစ်ပွဲတွေမှာ သွေးထွက် အနည်းဆုံးနဲ့ အောင်ပွဲရခဲ့တာက ရှောင်းစစ်သူကြီးရဲ့ ဥာဏ်ရည်ကြောင့်ပဲ မဟုတ်လား။

*ကောင်းပါပြီ စစ်သူကြီး...

ဟုံးလင်ရဲ့ စကားကြောင့် ရှောင်းကျန့် ပြုံးလိုက်မိသည်။

*သွားတော့...မလွဲစေနဲ့...

ဟုံးလင်က အဆောင်ထဲမှ ပြေးထွက်သွားတော့သည်။

☄ ☄☄ ☄☄☄

*မင်းကြီး...ဘာဖြစ်နေတာလဲ...

ထိုက်ယန်ဝမ် နန်းဆောင်ထဲ ငေးငေးငိုင်ငိုင် ထိုင်နေတဲ့ ဝမ်ရိပေါ်ကို ရှောင်းကျန့်က မေးလိုက်သည်။

*ချင်းချူ...အိပ်ချင်နေပြီလား...

ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့် မျက်နှာ ရဲသွားရသည်။

*ဟာ...မဟုတ်ပါဘူး...သူများတွေ ကြားရင် တမျိုး ထင်နေဦးမယ်...

*ထင်ထင်ပေါ့...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now