(Unicode)
*မယ်တော်...
*ဟော...မင်းကြီး လာပြီ...
ဝမ်ရိပေါ်တို့ မိဖုရားကြီး နန်းဆောင်ထဲ ဝင်လိုက်တာနဲ့ ရှန်းရှန်ရဲ့ အသံ စူးစူးလေးကပါ ထွက်ပေါ်လာသည်။ ရှောင်းကျန့်ထက်ပင် အဆောင်အယောင် အဆင်တန်ဆာ များစွာကို ဆင်ယင်ထားသည်။ ရုတ်တရက်ဆိုလျှင် မနေ့က မဂ်လာဆောင်ခဲ့တာ သူမနဲ့လားလို့ပင် ထင်စရာ ရှိသည်။
*ရှန်းရှန်က...ဘယ်လိုလုပ်ပြီး ရောက်နေတာလဲ...
ဝမ်ရိပေါ်က အံ့အားသင့်စွာ မေးလိုက်သည်။ ရှန်းရှန်က မယ်တော်ဆီ လာခဲသည်ေလ။ လော့ချိုင်မယ်မယ်ကြီးထံသာ အသွားများသူမို့ ဝမ်ရိပေါ်က မေးမိလေသည်။
*အာ...ဒီမနက်မှာ မင်းကြီးက မယ်တော်ကို ဂါရဝပြုဖို့ လာရတာ မဟုတ်လား...အဲ့ဒါ ရှန်းရှန် လည်း အတူတူ ဂါရဝပြု ပေးဖို့လေ...မယ်မယ်ကြီး လွှတ်လိုက်တာ...
ရှန်းရှန်က မငြင်းရဲအောင် ပြောလိုက်သည်။ ရှန်းရှန် စကားကြောင့် ဝမ်ရိပေါ် ေရာ ချန်စုယင်းပါ မျက်လုံး ပြူးရလေသည်။ မဂ်လာဦး ဂါရဝပြုခြင်းက မဂ်လာမောင်နှံအတွက်သာ မဟုတ်လား။ အခု ရှန်းရှန် လုပ်နေပုံက။ ရုတ်တရက် ပတ်ဝန်းကျင်က အေးစိမ့်သွားသလို ခံစားရသဖြင့် ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။
*ချင်း...ချူ...
ရှောင်းကျန့် မျက်နှာက အေးစက်နေသည်။ ချန်စုယင်းက အခြေအနေကို သဘောပေါက်သူ ပီပီ ရှောင်းကျန့် လက်ကို လှမ်းဆွဲလိုက်သည်။
*အတူတူတော့...ဂါရဝပြုလို့ မရဘူးလေ ရှန်းရှန်ရယ်...ရှန်းရှန်လေးက ကြင်ယာတော်အဆင့်ပဲ ရှိသေးတာ...ရှောင်းလေးနဲ့ တန်းတူတော့ ဘယ်ဖြစ်မလဲ...
လာ...မင်းကြီး နဲ့ ရှောင်းလေးက အရင် ဂါရဝပြု...ပြီးမှ မယ်တော်နဲ့ ရှောင်းလေးကို ရှန်းရှန်က ဂါရဝ ပြုရမှာပေါ့...ဟုတ်လား...
လာ...လာ...ချန်စုယင်းက သားတော်နဲ့ ရှောင်းကျန့် လက်ကို ဆွဲကိုင်ရင်း ပြောလိုက်သည်။ ရှန်းရှန်က အံကြိတ်လျက် ရပ်ကြည့်နေလေသည်။
ငါ့နေရာကို ယူတဲ့ကောင်...
ဝမ်ရိပေါ်နဲ့ ရှောင်းကျန့်က မိဖုရားကြီး ချန်စုယင်းကို ဂါရဝ ပြုကြသည်။ ထို့နောက်မှ ရှန်းရှန်က ရှောင်းကျန့်တို့ကို ဂါရဝ ပြုရသည်။
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed