Part 36 (U&Z)

3.1K 254 8
                                    

(Unicode)

မိမိ ရှေ့မှာ ရှိနေတဲ့ စစ်သူကြီး ချင်းယုံကို လော့ချိုင်မယ်မယ်က စူးစမ်းသလို ကြည့်လိုက်သည်။ ပုံမှန်အတိုင်းဆို စစ်သူကြီးချင်းယုံသည် မိမိကို လာတွေ့ရမည့်သူ မဟုတ်။ လာတွေ့ရမည့် အဆင့်မဟုတ်။ အခုတော့.....

*ချင်းစစ်သူကြီးက...ဘာအကြောင်းနဲ့ ကျုံးကျင်း ကို ရောက်လာတာလဲ...ပြောပါအုံး...

*မင်းကြီးကောင်းချန်က ရှောင်းကျန့် အခြေအနေကို လာကြည့်ခိုင်း လိုက်လို့ပါ...ဘယ်လိုလဲ မယ်မယ်ကြီး...ရှောင်းကျန့်ကို ရှင်းပစ်နိုင်မှာလား...

ချင်းယုံစကားကြောင့် လော့ချိုင်မယ်မယ်ကြီးက အနည်းငယ် တွေဝေသွားသည်။

ကြည့်ရတာ မင်းကြီးကောင်းချန်က...ရှောင်းကျန့် သတင်းကို အမြဲ နားစွင့်နေသလိုပဲ...

*ထင်သလောက်တော့ မလွယ်ဘူး စစ်သူကြီး...မြေးတော်ကလည်း သူ့ဘက်ကို ပါနေတော့...လုပ်ရကိုင်ရ ခက်တယ်...

*ဒါဖြင့် နန်ဖန်းကို ပြန်ခေါ်အောင် လုပ်လိုက်ရမလား...ကျွန်တော်မျိုး မင်းကြီးကောင်းချန်ကို ပြောလိုက်မယ်လေ...ဘယ်လိုလဲ...

*ပြန်ပို့လိုက်ရင် မြေးတော်ကို ထိန်းရဖို့ ​ပိုခက်သွားလိမ့်မယ်...ဒါကြောင့် အပြတ်ရှင်းချင်နေတာ...သူ့ကြောင့် ငါ ရည်ရွယ် ထားတာတွေ...ပျက်ခဲ့ရတာ...

လော့ချိုင်မယ်မယ်ကြီးက မကျေမနပ် ပြောလိုက်သည်။ ချင်းယုံက သဘောကျစွာ ပြုံးလိုက်သည်။

*ဒါဖြင့် ကျုံးကျင်းမှာ ရှောင်းကျန့်က အပြစ်တွေ လုပ်ထားတယ်...မယ်မယ်ကြီးနဲ့ မင်းကြီးက လိုက်ကာကွယ်ပြီး ဖုံးဖိပေးထားရတယ်လို့ ကျွန်တော်မျိုး လျှောက်တင်ပေးပါမယ်...ဒါဆို သူ သေသွားရင်တောင် မင်းကြီးကောင်းချန်က သူ့ အပြစ်​တွေကြောင့်လို့ ထင်ပါလိမ့်မယ်...

*အင်း...ကောင်းတယ်...

လော့ချိုင်မယ်မယ်ကြီးက သဘောကျစွာ ခေါင်းငြိမ့်လိုက်သည်။

ချင်းယုံကိုသာ...မြေးတော်နဲ့ ပေးစားနိုင်ခဲ့ရင်...ဒီနေ့လို ပြဿနာ ရှိလာမှာ မဟုတ်ဘူး...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now