Part 43 (U&Z)

3.4K 266 9
                                    

(Unicode)

ဝမ်ရိပေါ် လက်စွပ်မှ ပတ္တမြားကို ချွတ်ကာ ရေစိမ်လိုက်သည်။ ခွက်ထဲမှ ရေများက သွေးရောင်လို တဖြည်းဖြည်း နီရဲလာခဲ့သည်။ ထိုအခါမှ ရှောင်းကျန့်ကို တိုက်ကြသည်။

ပင်ပန်းကြီးစွာ ခံစားခဲ့ရ၍ ထင်သည်။ ဆေးသောက်ပြီးတာနဲ့ ရှောင်းကျန့် တယောက် အိပ်ပျော် သွားတော့သည်။ ဝမ်ရိပေါ်ကတော့ အနားမှာ ငူငူငိုင်ငိုင် ထိုင်လျက် ရှိနေခဲ့လေသည်။

*မင်းကြီး...နားတော့လေ...

*မယ်တော်...

ဝမ်ရိပေါ်က မိခင် ရင်ခွင်ထဲ ခေါင်းတိုးကာ ငိုချလိုက်သည်။ ချန်စုယင်းက သားတော်ကို ကြင်နာစွာ ဖက်ထားလိုက်သည်။

*ဒီထက် နောက်ကျမှ သားတော် ရောက်ရင်...ချင်းချူက...တခုခု...တခုခု ဖြစ်သွားမှာ...သားတော် အသုံးမကျတာ...သားတော် အသုံးမကျတာ...

ချန်စုယင်း သက်ပြင်းချလိုက်သည်။ သူမ ရောက်လာချိန် ရှောင်းလေး သတိပြန်ရကတည်းက ယဲ့ကုန်းကုန်းက ကြင်ယာတော် နန်းဆောင်ဆီသွားကာ မင်းကြီးကို ခေါ်ခဲ့သည်။ သို့သော်လည်း တွေ့ခွင့်မရခဲ့။

ကျို့လီနဲ့ ဟုန်းလင်ပါ မကျန် အရေးတကြီး သွားခေါ်ခဲ့ကြသည်။ မင်းကြီးက ရောက်မလာ။ နောက်ဆုံး ကျင်းကိုယ်ရံတော် ရောက်လာပြီး အကြောင်းစုံ ပြောပြခဲ့သည်။ ထို့အခါမှ ကျို့လီနဲ့ ဟုန်းလင်က အကူအညီခေါ်ရန် ပြေးထွက်သွားခဲ့သည်။ မကြာခင်မှာပင် မင်းကြီးက ဘယ်ကဘယ်လို ရောက်လာမှန်း မသိ ပြန်ရောက်လာခဲ့သည်။

*မဟုတ်တာကွယ်...အခုလည်း အဆင်ပြေပါတယ်...ဒါပေမယ့် ထူးဆန်းနေတယ် သားတော်...

*ဘာလို့လဲ မယ်တော်...

ဝမ်ရိပေါ်က နားမလည်စွာ မေးလိုက်သည်။

*ဒါကသာ နှလုံးခြွေအဆိပ် ဆိုတာ...သေချာရင်...ဘယ်သူ့ဆီက ရသလဲ...ဒီအဆိပ်ကို သား​ေတာ်ရဲ့ အဘိုး ဘိုးတော်မင်းကြီး လက်ထက်ကတည်းက...ဖျောက်ဖျက်ပစ်ခဲ့တာ...

*ဖျောက်ဖျက်ပစ်တယ်...ဟုတ်လား မယ်တော်...

ဝမ်ရိပေါ်က အံ့ဩစွာ မေးလိုက်သည်။

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now