(Unicode)
*ချင်းချူ...
*အင်း...ရောက်လာပြီလား...
လာလေ...ရေချိုးကန်ထဲမှာ မှောက်ခုံမှောက်ပြီး ကန်ဘောင်ပေါ် မေးတင်ကာ အိပ်နေတဲ့ ရှောင်းကျန့်ကို ဝမ်ရိပေါ် တွေ့လိုက်ရသည်။
*အအေးပက်နေမယ် ချင်းချူ...တော်တော့...
*မင်း ချိုးပြီးတဲ့အထိ စောင့်နေမယ်လေ...ဒါနဲ့ ဟိုကောင်မလေးရော...ပြန်သွားပြီလား...
*အင်း...ပြန်သွားပြီ...
ဝမ်ရိပေါ်က အပေါ် အကျင်္ ီကို ချွတ်ပြီး ရေကန်ထဲကို ဝင်ကာ ရှောင်းကျန့် ဘေးတွင် ထိုင်လိုက်သည်။
*ချင်းချူ...ရှန်းရှန်ကို စိတ်မဆိုးပါနဲ့နော်...
*အင်းးး...မဆိုးပါဘူး...မင်း ကောင်မလေးပဲ...ငါ နားလည်ပါတယ်...
ရှောင်းကျန့် စကားက ဝမ်ရိပေါ် အရှိုက်ကို တည့်တည့်ထိသည်။
ခင်ဗျားက ကျွန်တော်နဲ့ ဘာမှ မဆိုင်ဘူးလို့...ပြောချင်တာလား ချင်းချူ...
*ခင်ဗျား အသက် ဘယ်လောက် ရှိပြီလဲ...
*၂၈...
*ဒါဆို ကိုယ်တော့်ထက် ၆ နှစ်လောက် အသက် ပိုကြီးတာပေါ့...တကယ်ကြီးလား...
*လိမ်ရအောင်...ဘာအကျိုးရှိမှာမို့လဲ...
*ခင်ဗျားက အသက်ကြီးပြီး...တကယ် စွာတာပဲ ချင်းချူ...
ဝမ်ရိပေါ် စကားကြောင့် ရှောင်းကျန့်က လှည့်ကြည့်လာသည်။
*ဒီမှာ...ငါ့ပါးစပ်နဲ့ ငါ စွာတာ... ဘာဖြစ်လဲ...နောက်ပြီး မင်း ထက် အသက် ပိုကြီးတော့ရော...အလကား အသက်ကြီးနေတာမှ မဟုတ်တာ...မင်းထက် ၆ နှစ်စာ ထမင်း ပိုစားပြီး...ကောင်းကောင်း ရှင်သန်နေတာ...သိပြီလား...
ရှောင်းကျန့်က ပြောပြီးတာနဲ့ မျက်လုံးမှိတ်ကာ ကန်ဘောင်ကို မှီရင်း ငြိမ်နေလိုက်သည်။ သူ မသိလိုက်တာက သူ့မျက်နှာကို မျက်တောင်မခတ်စတမ်း ကြည့်နေတဲ့ ဘုရင်လေးရဲ့ အကြည့်တွေကိုပေါ့။
*ချင်းချူ...ထတော့ အအေးပတ်တော့မယ်...ကိုယ်တော်လည်း အေးနေပြီ...ညီလာခံချိန်လည်း နီးနေပြီ ထင်တယ်...သွားရအောင်...ထ...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed