Part 23 (U&Z)

3.3K 267 4
                                    

(Unicode)

*မြေးတော်...ဒါ ဘာလုပ်တာလဲ...ဘာသဘောလဲ...

ရုတ်တရက် ပေါ်လာတဲ့ လော့ချိုင်မယ်မယ်ကြီးရဲ့ အသံကြောင့် ရှောင်းကျန့်ကို မက်မန်းဝိုင် နွေးနွေးလေး တိုက်နေရာမှ ဝမ်ရိပေါ်က လှည့်ကြည့်လိုက်သည်။

*ဘာလို့လဲ မယ်မယ်ကြီး...ချင်းချူကို ဒီလောက် ေအးစက်နေတဲ့ နှင်းတောထဲမှာ...အပြစ်ပေးထားတယ် ဆိုတာကို ကိုယ်တော် လက်မခံနိုင်ဘူး...ဘာကြောင့် ဒီလောက်ထိ လုပ်ရတာလဲ...

ဝမ်ရိပေါ်က ဘွားအေကို စေ့စေ့ကြည့်ကာ မေးလိုက်သည်။

*ဒါ မြေးတော် အတွက်ပါ...မြေးတော်ကို ထားချင်သလို ထားခဲ့ပြီး...အ​လေလိုက်နေတဲ့သူကို...မယ်မယ်ကြီးက အပြစ် ပေးထားတာ...နောက်ပြီး ဒီအပြစ်ကို သူကိုယ်တိုင် ခံယူထားတာလေ...ရုတ်သိမ်းလို့ မရဘူး...

*မရလည်း ကိုယ်တော် ခွင့်မပြုဘူး...တခြား နည်းလမ်း မရှိတော့လို့လား...ဒီလောက် အေးစက်နေတဲ့ နှင်းတောထဲမှာ...အတွင်းခံ တထပ်တည်းနဲ့ အပြစ်ဒဏ် ခံခိုင်းရအောင် အထိ...မယ်မယ်ကြီး ရက်စက်ရသလား...

ဘာ...အတွင်းခံ တထပ်တည်းနဲ့...ရှောင်းကျန့်...နင်...နင်...

လော့ချိုင်မယ်မယ်ကြီးက မြေးတော် ရင်ခွင်ထဲ မှီကာ မိမိကို ပြုံးပြနေတဲ့ ရှောင်းကျန့်အား လှမ်းကြည့်မိသည်။

*သူ့ကို မယ်မယ်ကြီး အဲ့လို မပြောလိုက်ပါဘူး...ဒါ သက်သက်မဲ့ လုပ်တာ...

လော့ချိုင်မယ်မယ်ကြီးက အလျင်အမြန် ရှင်းပြလိုက်သည်။

*ဘယ်အပြစ်သားကများ အဆောင်အယောင် ဝတ်ရုံနဲ့ ပြစ်ဒဏ် ခံယူတာ မြင်ဘူးလို့လဲ...ဝတ်ရုံ ချွတ်ရတာပဲဟာ...မသိတာလဲ မဟုတ်ဘဲနဲ့...

ရှောင်းကျန့်က မျက်လုံးလေး ပြူးကာ ​ပြောလိုက်သည်။

*ရှောင်းကျန့်...နင်က လိမ်တတ်ရုံတင် မကဘူး...ပလီပလာလဲ လုပ်တတ်တာပဲလား...

လော့ချိုင်မယ်မယ်ကြီးက ဒေါသနဲ့ အော်လိုက်သည်။ ဝမ်ရိပေါ်ကတော့ ဘွားအေနဲ့ လင်တော်မောင် ရန်ပွဲကို အသာကြည့်နေလိုက်သည်။

*ကျွန်တော် ဘယ်နေရာမှာမှ...မလိမ်ခဲ့ပါဘူး...နောက်ပြီး ပလီပလာလဲ မပြောခဲ့ပါဘူး...အမှန်တွေပဲ ပြောခဲ့တာ...

My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed Where stories live. Discover now