(Unicode)
*အို...ဘယ်လိုကြီးလဲ...ဒါဆို မင်းကြီးက...အဲ့စစ်သူကြီးကို ကြင်ယာတော်အဖြစ် တင်မြောက်ရမှာလား...
အား...ရှန်းရှန် ဘယ်လို နားလည်ရမှာလဲ မင်းကြီးရယ်...ဝမ်ရိပေါ် ရင်ခွင်ထဲ တိုးကာ ရှန်းရှန်က မေးလိုက်သည်။ ဝမ်ရိပေါ်က ကြင်နာစွာ ဖက်ထားခဲ့သည်။ စိတ်ထဲမှာလည်း ဘွားအေ လုပ်ရပ်ကြောင့် ရှန်းရှန်ကို အားနာနေလေသည်။
*မယ်...မယ်တော်ကရော...မတားဘူးလား မင်းကြီးရယ်...
ရှန်းရှန်က ဝမ်ရိပေါ်ကို ဖက်ကာ တရှုံ့ရှုံ့ ငိုသည်။
*ဟင်း...မယ်မယ်ကြီး စကားကို မယ်တော်က ဘယ်သတ္တိများနဲ့ ငြင်းရဲမှာလဲ ရှန်းရှန်ရယ်...စိတ်ချပါ...ကိုယ်တော်လည်း အတတ်နိုင်ဆုံး ရှင်ဘုရင်တပါးရဲ့ အာဏာကို အမြန် ဆုပ်ကိုင်နိုင်အောင်...ကြိုးစားပြီး...သူ့ကို သူ့နိုင်ငံဆီ မြန်မြန် ပြန်ပို့နိုင်ဖို့ ကြိုးစားပါမယ်...
*ဒါပေမယ့် မယ်မယ်ကြီးက ခွင့်ပြုမှာမှ မဟုတ်တာ...အဟင့်...
တကယ်ဆို ရှန်းရှန်က လော့ချိုင်မယ်မယ်ကြီးရဲ့ လူလေ။ ကာကွယ်ရေး အမတ်ကြီးရဲ့ သမီး။ ဒါကြောင့်ပဲ လော့ချိုင်မယ်မယ်ကြီးက အပိုင်ချုပ်ကာ မြေးေတာ်နဲ့ ပေးစားခဲ့ခြင်းပင်။ ရှန်းရှန်ကလည်း ဝမ်ရိပေါ်ကို အလွန် သဘောကျသည် မဟုတ်လား။
ရှန်းရှန်က ဝမ်ရိပေါ်ရဲ့ အကြံအစည်များကို လော့ချိုင်မယ်မယ်ကြီးဆီ သတင်းပေးတတ်သည်။ သို့သော် ဝမ်ရိပေါ်ကတော့ မသိခဲ့။ လော့ချိုင်မယ်မယ်ကြီးကလည်း သွယ်ဝှိုက်သော နည်းများဖြင့် ဝမ်ရိပေါ် ကြိုးစားေနသမျှကို ဖယ်ထုတ်ခြင်းဖြင့် ဝမ်ရိပေါ် ကို မရိပ်မိစေခဲ့။
ထို့အပြင် ရှန်းရှန်သည်လည်း ဝမ်ရိပေါ် ရှေ့တွင် လော့ချိုင်မယ်မယ်ကြီး၏ သေဘာ ကောင်းကြောင်းထက် ကြောက်စရာကောင်းပုံ၊ ပြတ်သားပုံတို့ကိုသာ အမြဲ ပြောရင်း ဝမ်ရိပေါ်ရဲ့ အတွေးတို့ကို သံသယဖြင့် တွေဝေစေလေသည်။
*အင်း...အခု အခြေအနေအရ ကိုယ်တော်က ငြင်းဖို့တော့ မဖြစ်နိုင်ဘူး...ရှန်းရှန်ကပဲ နားလည်ပေးပါ...
YOU ARE READING
My.......... (ကျွန်တော့်ရဲ့.........) (U&Z) Completed