⟨⟨ Ouo link ကနေ ဝင်ကြည့်ပေးဖို့ မမေ့ပါနဲ့နော်။ ⟩⟩
[Unicode]
အသက်တစ်ချက် ရှိုက်သွင်းလိုက်ရင်းမှ ဆတ်ခနဲ နှိုးထလာမိသည်။ ပက်လက်အိပ်ပျော်သွားပုံဖြင့် အိပ်မက်ဆိုးတို့က လာနှောက်ယှက်နေ၏။
ထထိုင်လိုက်ပြီးနောက်တွင် ပထမဆုံး လုပ်ရသည်က ကိုက်ခဲနေသော ခေါင်းကို နှိပ်နယ်ရခြင်း။ ခေါင်းအနောက်ဘက်ခြမ်း တစ်ခုလုံးမှာ ဆံပင်အားလုံးကို တင်းတင်းဆွဲစုကာ ကိုင်ထားသလို အုံနေ၏။ အရက်သောက်သည့် ဒဏ်ကြောင့်ရယ်လား သေချာ သတ်မှတ်မရစွာ ခုတလော ခေါင်း ခဏခဏ ကိုက်လှသည်။
ထို့အတူ နည်းနည်းလေး အမြင်ရွေ့သည်နှင့် ဖရိုဖရဲ မြင်ကွင်းကလည်း စောင့်ကြိုနေ၏။ ပြန့်ကျဲနေသော အပိုင်းအစများ၊ လဲနေသော ခုံများနှင့် သူထိုင်နေရာကို အတန်ကြာ ကြည့်ရင်း ညက ဘာတွေဖြစ်ခဲ့သလဲ ပြန်တွေးတောကြည့်မိရသည်။
သို့ရာတွင် -
"မင်းလား ငါ့ဆီ ပြန်မလာတာ"
ဟူသော ဒေါသတကြီး အော်သံအောက်၌ ပေါက်ကွဲခံနေရသော ပစ္စည်းများကို ပြန်မြင်ယောင်မိချိန်တွင်တော့ လန့်ပင် သွားရ၏။ ထိုစကားက သူ့နှုတ်ဖျားမှ ထွက်ခဲ့သလားလည်း အံ့ဩသွားရသည်။ သူကတော့ ရူးနေပြီပင်။ တော်တော်ကြီးကို ရူးနေပြီး ကုမရအောင်ပင် ဖြစ်နေတော့သည်။
အတွေးဆိုးတို့ကို ခေါင်းယမ်းဖယ်ရင်းမှ အိပ်ရာထချိန်တန်ပြီမို့ အခန်းတံခါးကိုသာ ဖွင့်လိုက်တော့၏။
"ဟင် ! ဘယ်လိုဖြစ် ! ဘယ်လိုဖြစ်ပြီး ဒီအထဲ ရောက်နေတာလဲ"
အခန်းရှေ့မှ ဖြတ်သွားသည့် အန်တီက ခြေဆုံးခေါင်းဆုံး ကြည့်ရင်း မေးလာသည်။ အကြောင်းမှာ သူ့ပုံစံက ခပ်ရှုပ်ရှုပ် အမူအရာဖြစ်နေသလို အောက်ထပ်ရှိ၊ သူ့အခန်း မဟုတ်သော အခြားအခန်းထဲမှ ထွက်လာသည်ကိုလည်း မြင်ရသောကြောင့်ပင်။
"ကျွန်တော် မအိပ်ချင်လို့"
"ဘယ့်နှယ် တစ်သက်လုံး နေလာတဲ့ အခန်းကို ဘယ်လိုဖြစ်လို့ မအိပ်ချင်ပြန်တာတုန်း။ ဒီလာနေမယ်ဆိုလည်း ပြောလေ။ နေရာတွေ ရှင်းပေးမှာပေါ့။ ဖုန်တောထဲ တိုးအိပ်လာတာလား။ လူကလည်း ရှုပ်ပွနေတာပဲ။"
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020