Extra 1

3.3K 111 19
                                    

[Unicode]

အိမ်ထဲ ငြိမ်ကုတ်နေခဲ့သည်မှာ ကြာခဲ့လေပြီ။

ဆုလေးမြတ်၏ နဂိုပုံစံက တက်ကြွလွယ်၊ လန်းဆန်းလွယ်သူ ဖြစ်သော်လည်း လူတစ်ယောက်ကို မေ့ပျောက်ပစ်ဖို့ကျတော့ တခြားသူများနည်းတူ ခက်ခဲနေဆဲ ဖြစ်၏။

ငိုရသည်။ မခံမရပ်နိုင် ဖြစ်ရသည်။ ဒေါသထွက်ရသည်။ နှစ်ယောက်လုံးကို အစအနပင် မကျန်တော့သည့်အထိ ချေမွပစ်လိုက်ချင်သလို တစ်ချိန်တည်းမှာ နှစ်ယောက်လုံး ပျော်နေကြလောက်မည် တွေးကာ အူတိုမိရသည်။

တကယ်ဆို ဒါတွေက သူ(မ)အတွက်ပဲ ဖြစ်သင့်သည်။ သူ(မ)သာ ဝတ်လွှာရုံနှင့် ကစားမနေခဲ့လျှင် ဒီအရာအားလုံးဟာ သူပိုင်နေတာပဲ ဖြစ်ရမည်။

လက်သီးကိုသာ ဆုပ်လိုက်မိ၏။ မိမိကို မချစ်၍ ပစ်ပစ်ခါခါပြောကာ ထွက်သွားခဲ့သူအား အတင်းခယနေဖို့လည်း စိတ်ကူးမရှိပါ။ ဒဏ်ရာက နာကျင်သော်လည်း စိတ်တင်းတင်းပြတ်ပြတ်ဖြင့်သာ မေ့ဖျောက်ပစ်ဖို့ ကြိုးစား‌တော့မည်။

လိုပါသည်။ လိုတော့ လိုပါသေးသည်။

"ဟင်း"

အတန်ကြာ ဟိုပတ် ဒီပတ်နေသော်လည်း စိတ်က ပျော်မလာပေ။ အရင်နေ့များလိုပင်။ ထိုင်းထိုင်းမှိုင်းမှိုင်းဖြစ်ကာ ဘာကိုမှ အာရုံစူးစိုက်လို့ မရဆဲ။

စက်လှေကား စီးရင်းမှ တစ်ဖက် အိတ်ဆိုင်ကို လှမ်းကြည့်မိ၏။ စိတ်ပြေလက်ပျောက်ဖြစ်ဖို့ လှပစွာ စီတန်းထားသော အိတ်‌များအား အပျင်းပြေ ရွေးရန် စဉ်းစားမိလိုက်သည်။

"စိတ်ဝင်စားဖို့ မကောင်းလိုက်တာ"

သို့ရာတွင် စိတ်မကြည်၍ အားလုံးက အပြစ်မြင်စရာ ဖြစ်ရသည်။ အရောင်တွေက ဆိုးရွားနေ၏။ တကယ်တမ်းမှာ အချိန်ကုန်သည်ပဲ နောက်ဆုံး ကျန်၍ သက်ပြင်းကြီးကြီး တစ်ခု ချပြီး ပြန်ထွက်မည် ပြင်လိုက်တော့မိသည်။

"အစ်မ အစ်မ"

"ပြန်တော့မလို့လား။ ဒီဘက်အခြမ်းမှာ ရှိသေးတယ်‌နော် အစ်မ။ ဒီဘက်အခြမ်းကို ကြည့်ပြီးပြီလား။ ဒါလေးတွေလေ အစ်မ။"

အရောင်းစာ‌ရေးမလေးက ခပ်သွက်သွက်လေး လျှောက်သွားကာ ပြသည်။ ထောင့်တစ်နေရာ အရောက်တွင်တော့ ဆုလေးမြတ်၏ စိတ်အာရုံအား တစ်စုံတစ်ခုက ဖမ်းစားထားလိုက်၏။ ရုတ်တရက်ဆိုလျှင် လှသည် မထင်ရသော်လည်း ကြည့်လေကြည့်လေ သဘောကျလေ ဖြစ်လာသော အိတ်ကလေး။ သူများ ဦးမသွားစေရန် အလျင်အမြန် လက်လှမ်းကိုင်လိုက်မိသည်။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang