[Unicode]
'ဒီနေ့က တနင်္ဂနွေနေ့လေ ဘေးဘေ' ဖြစ်သော်လည်း စိတ်လွတ်ကိုယ်လွတ် မပျော်နိုင်။ နောက်တစ်ပတ်ဆိုလျှင် project က အပ်ရမည်ဖြစ်သည်။ ခုချိန်ထိ လုံး၀ မထိမကိုင်ရသေးသော အပိုင်းများစွာက ရှိနေ၏။
Presentation လုပ်တုန်းကတော့ အပြောသက်သက်ဖြစ်၍ ကိုယ်ဖြစ်ချင်တာတွေ ပြောရသည်မှာ လွယ်လှသည်။ လက်တွေ့ကျတော့ မဖြစ်နိုင်၍ ဖြုတ်ချခဲ့ရသည့် အပိုင်းများအပြင် လိုအပ်နေသောကြောင့် ထပ်တိုးရသည်မှာလည်း အကြိမ်ကြိမ်။
ခေါင်းရှုပ်သက်သာစေရန် အခန်းထောင့်နားရှိ ဂစ်တာကို ဆွဲယူကာ ၀ရံတာဘက်သို့ စစ်ဗျူဟာ ထွက်လာခဲ့သည်။ ပြာလွင်၍ တိမ်ကင်းစင်နေသော ကောင်းကင်ကို မော့ကြည့်မိလိုက်တော့ စိတ်ထဲမှာ အတော်ပင် ချမ်းမြေ့သွားရ၏။ မသုံးတာကြာ၍ ဖုန်တက်ချင်နေသော ဂစ်တာကို ကြိုးညှိလိုက်ပြီးနောက် တစ်ချက်စမ်းကြည့်လိုက်ရာ အသံက သာသာယာယာ ထွက်ပေါ်လာသည်။
( သူဟာ ရိုးသားဆဲ ခင်ရုံသာ ခင်ပေမဲ့
ကိုယ်က တစ်ဖက်သတ် အချစ်စိတ်တွေ စည်းကျော်ခဲ့ )
ပါးစပ်ဖျားမှ အလိုအလျောက် ထွက်လာသော သီချင်းအလိုက် တီတိုးစွာညည်းမိသည်။ လက်ချောင်းများကလည်း သံစဉ်အလိုက် လှုပ်ရှားကြ၏။
( အိုကွယ် မင်းချစ်မှ ချစ်ပါ့မလား... မင်းချစ်မှ ချစ်ပါ့မလား
အိုး...အဖြေရှာရန် မလွယ်ပါလား...စိုးရိမ်နေသူ )
ခုခေတ်နှင့် စာလျှင်တော့ ဇော်ပိုင်သီချင်းက ရှေးကျသည်။ ထို့ကြောင့်ပင် သူ့အား ခေတ်နောက်ပြန်ဆွဲသည်ဟု ကျန်သူများက မကြာခဏ စနောက်ကြ၏။ သို့သော်လည်း စိတ်ခံစားချက်ကို တည်ငြိမ်စေချင်သည့် အခါမျိုး၊ စိတ်အေလက်အေး နေချင်သည့်အခါမျိုးတွင် ဒီသီချင်းများက အသင့်တော်ဆုံး ဖြစ်လာသည်။
"တနင်္ဂနွေနေ့ပဲဟာ ပျော်ပျော်ရွှင်ရွှင်ပေါ့။ အဲ့လို သီချင်းကြီး မဆိုစမ်းပါနဲ့။"
မိုးပြာရောင်အင်္ကျီနှင့် အဖြူရောင် ဘောင်းဘီတိုကို ၀တ်ဆင်ထားပြီး သပ်သပ်ရပ်ရပ် ဖြီးမထားသော ဆံပင်များက နဖူးပေါ် ဝေ့ဝဲကျနေသည်မို့ ထိုရုပ်ရည်က ဆယ်ကျော်သက်ကောင်လေးဟု အထင်မှားလောက်စရာ။ နံရံကို မှီရပ်ပြီး သူ့ကို ပြုံးစစဖြင့် ကြည့်နေသည်။
![](https://img.wattpad.com/cover/225069551-288-k963122.jpg)
ESTÁS LEYENDO
ပြိုမလိုလိုမိုး { Completed }
Ficción Generalအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020