[Unicode]
နေရောင်ခြည်က မျက်နှာပေါ်သို့ ထိုးကျလာသောအခါမှ အိပ်ရာထက်မှ ထကာ စစ်ဗျူဟာ အပျင်းဆန့်လိုက်မိသည်။ ဒီလို project ကာလတွေက အိပ်ရေးပျက်လှ၍ မျက်လုံးမှိတ်တာနှင့်ပင် ချက်ချင်းကို တန်းအိပ်ပျော်သွားတတ်၏။
"အာဏာ ထတော့ ၇ နာရီခွဲနေပြီ"
ငုတ်တုပ်ထထိုင်လိုက်သော်လည်း လူက အိပ်ချင်မူးတူးဖြစ်နေဆဲပင်။ မျက်လုံးမဖွင့်ဘဲ အာဏာ့ကို နှိုးရင်းမှ သုံးလေးမိနစ်ခန့် ထိုပုံစံအတိုင်း ပြန်နှပ်နေလိုက်၏။
"အင်း။ ခဏလေး ငါးမိနစ်ပဲ။"
ပြောလိုက်တိုင်း ထိုကဲ့သို့ပင်။ သို့ရာတွင် ထိုငါးမိနစ်က နာရီ၀က်လောက်ကို အသာလေး ကုန်ဆုံးသွားစေ၏။
ဆက်အိပ်ချင်သော်လည်း တချက်ချက်မြည်နေသော နာရီသံကြောင့် ဆက်မငိုက်နိုင်ဘဲ ရေချိုးခန်းထဲသို့ ၀င်သွားလိုက်ရသည်။ ခပ်မြန်မြန် သွားတိုက်ရင်း ရေချိုးချလိုက်တော့ မျက်လုံးက နည်းနည်းကျယ်လာ၏။ ပြီးစီး၍ အပြင်ထွက်လာသောအခါ ၇ နာရီ လေးဆယ့်ငါးမိနစ် ဖြစ်သွားလေပြီ။
"အာဏာ ထတော့ဆို။ ငါးမိနစ်ကနေ ဆယ့်ငါးမိနစ် ရှိသွားပြီနော်။ ကားပိတ်လို့ ရုံးနောက်ကျရင် ငါနဲ့အတွေ့ပဲ။"
ထိုအခါမှ အာဏာက အိပ်ရာထဲမှ ကုန်းထလာသည်။ ယိုင်တိုင်တိုင်ဖြင့် ရေချိုးခန်းထဲ ၀င်သွားသည်ကို လိုက်ကြည့်ပြီးမှ အ၀တ်အစား ထုတ်လိုက်တော့၏။
ခေါင်းအောက်စိုက်လိုက်ချိန်တွင် အိပ်ရေးမ၀သည့် အရှိန်ကြောင့် မူးလာသည်။ အော်ဂလီဆန်သလိုလိုနှင့် အာရုံကြောတုံ့ပြန်မှုတို့က နှေးကွေးနေ၏။
"အား... shit !"
အလျင်လိုပါတယ်ဆိုမှ အလယ်ကြယ်သီးတစ်လုံးက မ၀င်နိုင်ဘဲ ကပ်နေသည်။ ဟိုလိမ် ဒီလိမ်ကာ သွင်းရင်းမှ မရသည့်အဆုံး ဆဲလိုက်မိတော့၏။
ထိုအခိုက် ရေချိုးထားကာစ မွှေးရနံ့တချို့က အနားတွင် ရစ်ဝဲလာသည်။ အေးစက်စက် လက်ချောင်းများက သူ့ရင်ဘတ်ကို မသိမသာလေး ထိသွားပြီးနောက်တွင် ထိုကပ်နေသော ကြယ်သီးက အလိုက်တသိပင် ၀င်သွားတော့၏။
CZYTASZ
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020