⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော်။ ⟩⟩
[Unicode]
ချိတ်မှ ဖြုတ်ယူလိုက်သော သော့တွဲလေးက လှုပ်ရှားမှု အရှိန်ကြောင့် စစ်ဗျူဟာ့လက်ထဲမှာ တချွင်ချွင် မြည်နေလေသည်။ ချောမွတ်နေသော ပျဉ်ကို နင်းလျှောက်ရင်းမှ မီးမိန်းကို ချလိုက်၏။
ပြတင်းပေါက် အကုန်လည်း ပိတ်ထား၍ အိမ်က အမှောင်ကျသွားသည်။ လက်ကိုင်းကို ကိုင်လိုက်သော်လည်း တံခါး မဖွင့်ဖြစ်သေးဘဲ နောက်ပြန်လှည့်ကာသာ အိမ်အတွင်းဘက်ကို စစ်ဗျူဟာ ရပ်ကြည့်မိ၏။
အိမ်တော့ အိမ်။ သို့ရာတွင် သူ့ဖေဖေ၊ သူ့မေမေ တစ်ယောက်မှ မရှိသော အိမ်။ အိမ်တော့ အိမ်။ ခုံခုံမင်မင် မရှိလှဘဲ ပစ်ထားပြီး ဒုက္ခတွေ့မှသာ အပြေးပြန်လာဖြစ်ခဲ့သော အိမ်။
မနေ့ညကတည်းက ပြန်ရောက်လာသည် ဖြစ်သော်လည်း အချို့နေရာများက ဖုန်တက်နေဆဲဖြစ်သလို အပင်များကလည်း ညှိုးခြောက်နေကြဆဲဖြစ်သည်။ အထီးကျန်ကျန်၊ စိတ်တိုတိုနှင့် ဝမ်းနည်းမှုတို့ကို အိမ်တိုက်ဝတ်အပေါ် သွန်ချကာ လှည်းကျင်းလိုက်သည့်တိုင် နွေးထွေးမှုဟာ တစ်ကိုယ်စာ ကွက်ကွက်ကလေး။
မေမေတို့ ပြောကြသလို 'အရင်ဘဝက သူများအသိုက်အမြုံကို ဖျက်ဆီးခဲ့သူဟာ အခုဘဝမှာ မိတစ်ကွဲ၊ ဖတစ်ကွဲအပြင် ကိုယ့်အိမ်ထောင်သည်လည်း ပျက်စီးရ၏' ဟူသော စကားအတိုင်း သူသည်လည်း အရင်ဘဝက သူများအသိုက်အမြုံကို ဖျက်ဆီးဖြစ်ခဲ့လေသလားပင်။
သူ့အသက် သုံးဆယ်မှ မရှိသေးခင် အရာအားလုံးကို ဆုံးရှုံးလိုက်ရသည်။ ချစ်သလိုလိုနှင့် အကုန်လုံးက ကျောခိုင်းသွားခဲ့ကြသည်။ မုန်တိုင်းပြီးလျှင် လေပြည်လာသည် ဖြစ်သော်လည်း သူ့ထံသို့တော့ ပြောင်းပြန်ဖြစ်စွာ မုန်တိုင်းဦး လေပြည်များသာ ရောက်ရှိလာခဲ့ပါ၏။
သက်ပြင်းရှည် တစ်ချက်ချကာ အိမ်တံခါးကို ဖွင့်လိုက်၏။ အပြင်ရောက်၍ သော့ခတ်ရန် ချိတ်လိုက်ချိန်တွင် အိမ်ရှေ့သို့ အရိပ်တစ်ခုက လှစ်ခနဲ ရောက်ရှိလာတော့သည်။
"စစ် !"
ပုခုံးနှစ်ဖက်ကို ဆုပ်ကိုင်လာသော လက်အစုံက တင်းကြပ်နေသလို မျက်နှာထားသည်လည်း ပူပန်မှု၊ အရိပ်အကဲခတ်မှုတို့နှင့် ပြည့်နှက်နေ၏။ သို့ရာတွင် အပြေးရောက်လာသလို အရှိန်လည်း ပါ၍ ထိုအပြုအမူမှာ စစ်ဗျူဟာ နောက်ယိုင်သွားရသည်။ ကျောပြင်နှင့် နံရံက ခပ်သာသာလေး ပွတ်တိုက်သွား၏။

ŞİMDİ OKUDUĞUN
ပြိုမလိုလိုမိုး { Completed }
Genel Kurguအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020