( 51 ) | Final

8.8K 269 43
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော် ⟩⟩

[Unicode]

အဆင်မပြေ။

အဆင်မပြေချင်လာလျှင် အရာအားလုံးက အလုံးအရင်းနှင့်ကို ၀င်‌ရောက်လာတော့သည်။ အဆင်မပြေဘူးဗျို့ဟုသာ လောကတစ်ခွင်ကို စိတ်ပေါက်ပေါက်နှင့် အော်ဟစ်ပစ်လိုက်ချင်၏။

မနက် ရုံးရောက်ရောက်ချင်း Desktop ထဲမှာ သိမ်းထားသော file များ ပျောက်သွားသဖြင့် ခေါင်းမီးတောက်မတတ် ပြန် backup လုပ်လိုက်ရသည်။ ညနေရောက်တော့ အဖွဲ့မှူးကအသားလွတ်ကြီး ဆူပြန်သည်။

"ဟင်း...ငါနော်။ ငါမပြောချင်ဘူး။"

အမှန်တကယ်လည်း သူဘယ်သူ့ကိုအပြစ်တင်ရမှန်း မသိပါချေ။ ထို့ကြောင့်ပင် အနားမှာ ရှိသော စက္ကူတစ်စကိုသာ ကျစ်ကျစ်ပါအောင် လုံးချေရင်း ရုံးဆင်းလာခဲ့မိသည်။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ ဒီစက္ကူကို အစိတ်စိတ်အမွှာမွှာလုပ်ပြီး လေပေါ်ဝဲပစ်မိမှာ သေချာသည်။ ဒီနေရာမှာတော့ ပါးစပ်ကနေ ပွစိပွစိ ရေရွတ်ရင်း အမှိုက်ပုံးထဲ ထည့်ရန်သာ တတ်နိုင်၏။

"သောက်ချီးပဲ"

အလိုမကျစိတ်က မပျောက်သေး၍ အမှိုက်ပုံးကို ခြေထောက်ဖြင့် ထပ်ကန်လိုက်မိသည်။ အနည်းငယ် ယိမ်းယိုင်သွားသည် မြင်မှ စိတ်ထဲ နည်းနည်းကျေနပ်သွားသလို။

ရုံးရှေ့ဘက် သစ်ပင်အောက်ဆီ အကြည့် ရောက်သွားချိန်တွင် မျက်ခုံးနှစ်ခုက ထပ်မံ တွန့်ချိုးသွားရသည်။ ထိုသစ်ပင်‌အောက်၌ မတ်တပ်ရပ်ကာ စောင့်ဆိုင်းနေသူတစ်ဦး။ သွေးစုတ်ဖုတ်ကောင်တွေလို နေထိမှာ စိုးသဖြင့် အမြဲတမ်းသာ အိမ်တွင်းအောင်းနေတတ်သည်။ ဖူဂျီတောင်တက်က ပြန်လာပြီးကတည်းကလည်း ငြိမ်ချက်သား ကောင်းနေခဲ့သည်။

သို့ရာတွင် ဒီနေ့တော့ ထူးထူးခြားခြား လာကြိုနေ၏။

အင်း...ငါမဟုတ်ဘူး။ လောကကြီးကိုက တစ်ခုခုဖြစ်နေတာ။

ခေါင်းယမ်းလိုက်ပြီးနောက် လေးကန်သော ခြေလှမ်းများဖြင့် စစ်ဗျူဟာ လျှောက်သွားလိုက်မိသည်။

"ဘယ်က လှည့်၀င်လာ..."

သို့ရာတွင် စကားပင် ဆုံးအောင် မပြောလိုက်ရ။ လက်တစ်ဖက်ကို မြဲမြံစွာ ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် တစ်ဟုန်ထိုး ပြေးလေသဖြင့် တရွတ်တိုက်ကာ ပါသွားရသည်။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang