( 50 )

3.8K 192 6
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော် ⟩⟩

[Unicode]

Mt. Fuji (Fuji-san)

ဂျပန်နိုင်ငံ၏ အမျိုးသားတောင် ဖြစ်သော ဖူဂျီတောင်သည် စုစုပေါင်း ၃၇၇၇ မီတာ ( ပေအားဖြင့် ၁၂,၃၈၈ ပေ ) မြင့်ပြီး ဧရိယာအားဖြင့် ၂၀,၇၀၂.၁ ဟက်တာ ကျယ်၀န်းသည်။

မြင့်မားလှသောကြောင့် တောင်ထိပ်တွင် ရှိသော အောက်စီဂျင်သည် ပင်လယ်ရေ မျက်နှာပြင်ရှိ ပုံမှန်အောက်စီဂျင် သိပ်သည်းဆ၏ ၃ ပုံ ၂ ပုံအထိ ရှိသည်။ မြင်တွေ့နေကျ ဓာတ်ပုံများထဲတွင် အမြဲတစေ ရေခဲများဖြင့် ဖုံးလွှမ်းနေသော ဖူဂျီတောင်၏ ဆောင်းရာသီ‌ ရေခဲချိန်မှာ မတ်လနှောင်းပိုင်းမှ ဧပြီလလယ် အထိနှင့် နို၀င်ဘာလ‌ နှောင်းပိုင်းတို့ ဖြစ်သည်။

ဖူဂျီတောင်မှာ တိုကျိုမြို့၏ အနောက်တောင်ဘက် ကီလိုမီတာ ၁၀၀ ခန့်အကွာတွင် တည်ရှိပြီး မြန်မာပြည်ရှိ ပုပ္ပားတောင်ကဲ့သို့ မီးတောင်‌ဟောင်းတစ်ခုပင်။ သို့ရာတွင် လှုပ်ရှားနေဆဲတော့ ဖြစ်ပြီး ၁၇၀၇ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့က နောက်ဆုံးအကြိမ် ပေါက်ကွဲခဲ့သည်။

ဂျပန်နိုင်ငံ၏ အထင်ကရ နေရာ။ နိုင်ငံတကာအထိ ကျော်ကြားသော နေရာများထဲတွင် တစ်ခု အပါအ၀င် ဖြစ်သောကြောင့် လာရောက်သူ များပြားသည်။ ထို့အပြင် တောင်တက်၍လည်း ရသဖြင့် စည်ကားသည်။ ပုံမှန် တောင်တက်ရာသီမှာ ဇူလိုင်လ အ‌စောပိုင်းမှ စက်တင်ဘာလ အစောပိုင်းအထိ ဖြစ်၍ ထိုအချိန်တွင် တောင်ပတ်လည်၌ ယာယီတဲများစွာဖြင့် သိုက်မြိုက်လှသည်။

တောင်တက်ရာတွင် တောင်အလယ်ရှိ ခါဝါဂူချီကို 5th station သို့ တိုကျိုမှ တိုက်ရိုက်ရထားထွက်သည်။ တောင်အစအဆုံးမှာ ၁၀ နာရီခန့် တက်ရနိုင်သဖြင့် လူအများက 5th station မှ စ၍ တက်လေ့ရှိကြသည်။

ထိုနေရာတွင်လည်း တောင်ထိပ်ပေါ်သို့တက်ဖို့ရာ ဖူဂျီနိုမီယာ၊ ယိုရှီဒါ၊ ဆူဘာရှီရီ နှင့် ဂေါ့ထန်းဘ ဟူ၍ လမ်းကြောင်းလေးကြောင်း ရှိပြန်သည်။ စစ်ဗျူဟာတို့ လာခဲ့သော လမ်းမှာတော့ ဈေးကြီးသော်လည်း တက်ရတာ အဆင်ပြေသည်ဟု ဆိုသည့် ဖူဂျီနိုမီယာ လမ်းကြောင်း ဖြစ်၏။ ထိုလမ်းကြောင်းမှာ ၂၈၃၀ မီတာမှ စသဖြင့် အနည်းငယ် ခရီးတိုသည်ဟု ဆိုနိုင်၏။

ပြိုမလိုလိုမိုး { Completed }जहाँ कहानियाँ रहती हैं। अभी खोजें