( 18 )

2.9K 243 14
                                    

[Unicode]

Supermarket ထဲမှာ သူတို့တော်တော် အချိန်ဖြုန်းခဲ့ကြပုံရ၏။ အိမ်ပြန်ရောက်၍ ရေချိုးပြီး စစ်ဗျူဟာ အပြင်ထွက်လာချိန်တွင် ညနေ ရောက်သွားလေပြီ။

ဂုဏ်ရောင်က ရေသွားချိုးနေသည့်အပြင် ပါတီကလည်း ညမှ လုပ်မည်မို့ ဆိုဖာပေါ် ပစ်လှဲချလိုက်ပြီး ဖုန်းကို ဖွင့်လိုက်၏။ ထို့နောက် စောင့်သည့်အနေဖြင့် ဇာတ်ကားတစ်ကားအား အပျင်းပြေ ကြည့်နေလိုက်သည်။

မနေ့က rating ကောင်းသည်ဟု ဖတ်လိုက်ရ၍ save ထားလိုက်ခြင်းဖြစ်ရာ ဘာလဲကို သေချာမကြည့်မိလိုက်။ ခုမှ မထင်မှတ်စွာ ထိုကားက မျက်ရည်ထွက်အောင် ရယ်နေရ၏။

"မင်း အိမ်မှာ ဇာတ်ကားမကြည့်ရဘူးလား။ တကူးတက ဒီလာပြီး ရယ်နေသေးတယ်။"

အ၀တ်အစား လဲပြီး၍ ထွက်လာသော ဂုဏ်ရောင်က တစ်ဖက်ဆိုဖာပေါ် လာထိုင်၍ ဆိုသည်။ ဟုတ်တော့လည်း ဟုတ်၏။ ဒီလာပြီးမှ စကားမပြောဘဲ အိမ်မှာအတိုင်း သူက ဇာတ်ကားကြည့်ပြီး ရယ်နေသည်။

"အာဏာ ဘယ်အချိန် လာမှာလဲ"

"ရုံးဆင်းရင် လာမှာပေါ့။ ခု လာရင်တောင် လာနေလောက်ပြီ။"

နာရီကို ဆွဲကြည့်ကာ စစ်ဗျူဟာ ပြန်ပြောလိုက်သည်။ ငါးနာရီခွဲသွားလေပြီ။

"ဦးလေးတို့ အန်တီတို့ရော နေကောင်းရဲ့လား"

"အင်း သိတဲ့အတိုင်းပေါ့။ မေမေကတော့ ကောင်းတယ်။ အဖေကတော့ အရင်လိုပဲ။"

"ခုထိ မလျှော့သေးဘူးလား"

မလျှော့သေးဘူးလား ! ထိုစကားကို လူတိုင်းမေးကြသည်။ ဖေဖေ့လုပ်ဖော်ကိုင်ဖက်၊ သူငယ်ချင်း၊ ဆွေမျိုး။ သူတို့သားအမိနှင့် တွေ့လိုက်တိုင်း မပြတ်မှန်း သိပါလျက် မပြတ်သေးဘူးလားဟုသာ ထပ်ကာထပ်ကာ။ မလျှော့မှန်း သိပါလျက် မလျှော့သေးဘူးလားဟု ထပ်ကာထပ်ကာ။

စစ်ဗျုဟာ သက်ပြင်းချလိုက်၍ ဂုဏ်ရောင်က နားလည်စွာ ငြိမ်သွား၏။ ထို့နောက် အခန်းသည်လည်း တိတ်ဆိတ်သွားလေသည်။

"မင်းရော အိမ်ပြန်သေးလား"

"အမေရိကန် မသွားခင်ကတော့ ပြန်ဖြစ်သေးတယ်။ မေကြီးတို့နဲ့ video call တော့ ခေါ်ဖြစ်တယ်လေ။"

ပြိုမလိုလိုမိုး { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ