( 12 )

3.2K 270 14
                                    

[Unicode]

အိပ်ရာနိုးနိုးချင်း နှင်းဆီပန်းနံ့သင်းသင်းလေးကို နှာခေါင်း၀မှာ ရနေသဖြင့် ထကြည့်လိုက်တော့ ခေါင်းရင်းဘက်မှာ နှင်းဆီပန်းပင်မျိုးစုံက ရှိနေသည်။ မနေ့က ရောက်ရောက်ချင်းမို့လား မသိ၊ သိပ်သတိမထားမိ။

မေမေလည်း လုပ်စရာအလုပ် သိပ်မရှိ၍ ဒီအပင်လေးတွေကို စိုက်ထားပုံပေါ်သည်။ အိပ်ရာနိုးတာနဲ့ စိတ်ကလေးက ကြည်လင်သွားသည်မို့ တစ်မျိုးတော့ ကောင်း၏။

အပြင် ထွက်လာချိန်တွင် မေမေကလည်း ဈေးခြင်းတောင်းကိုင်ကာ မီးဖိုခန်းထဲက ထွက်လာသည်။ ကြမ်းပြင်ပေါ်တွင်တော့ လက်ဖက်ရည်ပန်းကန် တစ်လုံးက ကွဲနေပြီး လက်ဖက်ရည်တွေက အခင်းပေါ်မှာ စိုရွှဲနေ၏။

ဘယ်သူ့လက်ချက်လဲဆိုတာ မေးနေဖို့ပင် မလို။ ညကတော့ သူပြန်ရောက်စမို့ ငြိမ်နေကြပုံပင်။ အမှတ်မရှိသော သူကလည်း ဒီနှစ်အတွင်း အဆင်ပြေနေကြပြီပင် ထင်ခဲ့သေး၏။

"သား နိုးလာပြီလား။ မေမေ ဈေးသွားလိုက်ဦးမယ်။ ထမင်းကြော် ကြော်ထားတာ စားလိုက်ဦး။"

အောက်ကျနေသော ပန်းကန်လုံးကို စားပွဲပေါ် ပြန်တင်ပေးရင်း မေမေက ဆိုသည်။ ဖေဖေနှင့် စကားမပြောချင်သောကြောင့် တစ်ဖက်လှည့်နည်းနှင့် ထမင်းကြော် စားခိုင်းနေခြင်းပင်။

"အိမ်မှာ အသားလွတ်နေရင်း ဘာလို့ထိုင်နေမှာလဲ။ အညောင်းပြေ အညာပြေ ကိုယ့်အမေနောက် လိုက်သွားပါလား။ မအေရယ်လို့ ပူပင်ရမှန်းလည်း မသိ။ မွေးရကျိုးမနပ်တဲ့ ဟာတွေ။"

ကုလားထိုင်ပေါ်က အဖေ့အသံက ခပ်ထန်ထန် ထွက်လာသည်။ မဟုတ်တောင် သူက လိုက်မလို့ စဉ်းစားပြီးဖြစ်သည်ကို အဲ့လို အမိန့်ပေးသလိုမျိုး၊ ကုလားမနိုင် ရခိုင်မဲတာမျိုး လာလုပ်သောအခါ စိတ်ထဲ မကြည်ဖြစ်သွား၏။ အရွဲ့တိုက်‌လိုက်လျှင်လည်း အစေးက ပိုမကပ်ဖြစ်ဦးမည်။

"သွားမယ် မေမေ"

မေမေ့လက်ကို ဆွဲကာ အိမ်ပေါ်မှ ဆင်းချချိန်တွင် အားကျမခံသော အသံက ထပ်ထွက်လာပြန်၏။

"သွားကြ။ မနေချင်တဲ့သူ‌တွေ အကုန်သွားကြ။ ဘယ်သူမှ မနေကြနဲ့။"

ပြိုမလိုလိုမိုး { Completed }Wo Geschichten leben. Entdecke jetzt