( 49 )

3.4K 210 9
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော် ⟩⟩

[Unicode]

နွေရာသီအစ၊ မိုးရာသီအစ ဇွန်လ။

မေကုန်သွား၍ ချယ်ရီပွင့်များ ကုန်ခန်းသွားသော်လည်း အပြာရောင်၊ ပန်းရောင် စသဖြင့် hydrangeas ရောင်စုံတွေက အိမ်တိုင်း၏ ဘေးပတ်လည်တွင် အုံလိုက် အစုအစုကလေး။ ဝါးပင်တောလေးများကလည်း စိမ်းစိမ်းစိုစို။ ဂျပန်ပြည်၏ မိုးကို ကြိုဆိုပုံက ထူးခြားပါဘိ။ စိုစွတ်ခြင်းထက် ရာသီဥတု သာယာခြင်းဘက်ကို ပို၍ အလေးပေးသည်။

လမ်းမပေါ် ကျနေသော အကိုင်းခြောက်လေးကို ငုံ့ကောက်လိုက်၏။ နေကျချိန်မို့ လေပြည်နည်းနည်း တိုးလာသည်။ အချိန်တို့က အကုန်မြန်လွန်းစွ။ သို့မဟုတ် ဆောင်းရာသီကို သူက လွန်ကဲစွာ ကြိုက်နေ၍ပဲလား။ ကိုယ်တိုင် ကြာရှည်စွာ ဖြတ်သန်းခဲ့သည့်တိုင် ဒီနှစ် ဟေမန်က စိတ်ထဲ သိပ်မကြာလိုက်သလိုပင်။

မနက်က သဘောတူလာခဲ့သည်ကို ပြန်တွေးကြည့်မှ တကယ် နွေရောက်နေပါလား လက်ခံသွားရတော့သည်။

ကျောင်းပြီးကတည်းက ဒါမျိုး မလိုက်သည်မှာ ကြာလေပြီ။ အကြောအခြင်တွေပင် တောင့်တင်းနေ၏။ ခြေထောက်ကို ဆန့်ထုတ်ကြည့်ရင်း ခံနိုင်ရည် ရှိပါမလား စိုးရိမ်လိုက်မိသည်။ ကောက်လာခဲ့သော အကိုင်းခြောက်လေးကို ဖဲ့ခြွေပြီး အကုန်ကုန်သွားမှ လွှင့်ပစ်လိုက်၏။

ကိုယ့်အတွေးဖြင့် ကိုယ် လာနေ၍ အိမ်ကို သတိမထားမိ။ အနား ရောက်လာမှ ဖွင့်ပေးနေကျ တံခါးက ပိတ်နေဆဲ ဖြစ်ကြောင်း မြင်လိုက်ရသည်။ နေ့တိုင်း သူအပြန်အလာကို ပါပီတစ်ကောင်လို အမြီးလေး မနှံ့ရုံတမယ် ကြိုတတ်သူက ဒီနေ့ ရှိမနေ၍ မျက်မှောင်ကြုတ်လိုက်မိ၏။

"ဒေါက် ဒေါက် ဒေါက်"

အတွင်းထဲမှ လျှောက်လာသော ခြေသံ တစ်စုံတစ်ရာ မကြားရ။ တံခါးနားကပ်၍ နားစွင့်လိုက်သော်လည်း လှုပ်ရှားမှုပါ ရှိမနေ။

သင်္ကာမကင်းစွာဖြင့် လက်ကိုင်နေရာကို ပြန်ကြည့်သောအခါမှ တံခါးက ပိတ်ရုံတင် ပိတ်ထားခြင်း မဟုတ်ဘဲ သော့ပါခတ်ထားသည်ကို သတိထားမိသွားရသည်။ လူမရှိခြင်းပင်။ သော့အပိုက ဘာရယ်မဟုတ် ယူထားခဲ့၍ ဖွင့်ဝင်လို့ ရသွားသော်လည်း စစ်ဗျူဟာ့စိတ်ထဲ ခုတုတု ဖြစ်သွားရ၏။

ပြိုမလိုလိုမိုး { Completed }Donde viven las historias. Descúbrelo ahora