( 4 )

5.1K 364 25
                                    

[Unicode]

"စစ် စစ် ထတော့"

တစ်စုံတစ်ယောက်က သူ့နာမည်ကို ခေါ်နေသည်။ ရှည်လျားသော ပုံသဏ္ဌာန်ကို မြင်ရသော်ငြား မျက်လုံးအစုံက ဖွင့်မရ။ လေးလံသော မျက်ခွံတို့က စိုးမိုးလွန်းစွာ ပြန်အိပ်တော့ဟု ပြောနေ၏။

"စစ် ထတော့ဆို"

ဆယ်စက္ကန့်အကြာတွင်တော့ သေချာပေါက် ကြားလာရသည်။ ‌အာဏာ့အသံပင်။ စောစောစီးစီး ဘာလုပ်ချင်၍ တဆတ်ဆတ်နှိုးနေသည် မသိပြန်။ အိပ်ချင်စိတ်လေး မပျောက်ပျက်အောင် မကြားချင်ယောင် ဆောင်ထားလိုက်သည်။

"ဟေ့ကောင် ထတော့ကွ။ 8 နာရီ ထိုးနေပြီ"

8 နာရီဟူသော အသံထွက်လာချိန်တွင်တော့ မကြားချင်ယောင် ဆောင်မနေနိုင်တော့ပဲ စစ်ဗျူဟာ အိပ်ရာမှ ငေါက်ကနဲ ထထိုင်မိလိုက်သည်။ အလုပ်ဝါးခြမ်းပြားကြောင့် နဖူးပြင်၌ ရုတ်တရက် ချွေးစို့သွားရ၏။

"မင်း ဘာလို့ စောစော မနှိုးတာလဲကွာ။ သွားပါပြီ။ အလုပ် နောက်ကျတော့မှာပဲ"

ညည်းညူရင်းမှ ပျာပျာသလဲ အိပ်ရာပေါ်က ကုန်းရုန်းထလိုက်သည်။ ထိုအခိုက် အာဏာက သူ့ပုံကို ကြည့်ကာ ခွက်ထိုးခွက်လန် ရယ်နေလေ၏။ ဘုကြည့်ကြည့်ပေးလိုက်မှ အရယ်ရပ်ကာ နာရီကို မြှောက်ပြသည်။

"စတာ 7 နာရီပဲ ရှိသေးတယ်။ ပြီးတော့ ဒီနေ့ စနေနေ့လေ။ မင်း ဘယ်ရုံးကို သွားမလို့လဲ"

စစ်ဗျူဟာ သူ့နဖူးသူ ပြန်ရိုက်မိလိုက်၏။ မနေ့က Meeting မှာ ပိတ်ရက် data စုဖို့ မှာလိုက်သည် မဟုတ်လား။ သေချာပေါက် ဒီနေ့ဟာ စနေပဲပေါ့။

"ဟုတ်သားပဲ ! ဟာ...! ငါ အိပ်ကောင်းနေတာကို ဘာလို့ လာနှိုးတာလဲ။ မနက်စာ မစားတော့ဘူး။ မင်းတစ်ယောက်တည်း စားလိုက်"

ပြောပြောဆိုဆို ချက်ချင်း အိပ်ရာပေါ်  ပြန်လှဲချကာ ခုနက မှေးစင်းစင်း မျက်လုံးများ အရှိန်မပျက်စေရန် ပြန်ပိတ်ထားလိုက်သည်။

"ထကွာ ငါတို့အပြင်သွားရအောင်။ ပျင်းစရာကြီး"

စစ်ဗျူဟာ အဖြေပြန်မပေး။

"မင်းမထရင် ကလိထိုးမှာနော်"

ပြောချင်ရာပြော မကြားချင်ယောင် ဆောင်ထားသည်။ ဒီနေ့တော့ မိုးပြိုရင်တောင် အိပ်ရာမထ။

ပြိုမလိုလိုမိုး { Completed }Opowieści tętniące życiem. Odkryj je teraz