( 6 )

4.2K 323 26
                                    

[Unicode]

"Project ကြီး အောင်အောင်မြင်မြင် ပြီးသွားတဲ့အတွက် kampai"

"Kampai!!!"

သုံးလေးလလောက် စိတ်ဒုက္ခပေးခဲ့သော အရာကြီး ပြီးဆုံးသွားပြီဖြစ်၍ အားလုံးက စိတ်လက်ပေါ့ပါးကာ ပျော်ရွှင်နေကြရာ ဖန်ခွက်တိုက်သံတို့ကပါ မြူးကြွနေသည်။ တချွင်ချွင်အသံမှာ လွတ်လပ်မှု၏ ဩဘာသံဖြစ်၍ နားထောင်ကောင်းလှ၏။

"ဟိုရုမွန်းယခိ ရပါပြီရှင့်။ အေးအေးဆေးဆေး သုံးဆောင်ကြပါ"

စားပွဲပေါ် လာချပေးသည့် ဟိုရုမွန်းယခိနံ့က သင်းပျံ့နေ၏။ ဂျပန်ပြည်မှာတော့ ဒါက BBQ ပါပင်။ မကင်ခင် ဝိုင်၊ ရှာလကာရည်၊ အမွှေးအကြိုင်တို့ဖြင့် နယ်ကာ နှပ်ထား၍ အရသာမှာ လေးပင်စွာ နစ်၀င်နေသည်။ အကင်တစ်ဖတ်ယူကာ အချဉ်ဖြင့် တို့စား၍ ဘီယာအေးလေး တစ်ကျိုက်များ သောက်ရလျှင် ပြီးပြည့်စုံသော နိဗ္ဗာန်ဘုံပင်။

"ဗျူဟာစံ Kampai"

"Kampai !"

တစ်ယောက်ပြီး တစ်ယောက်နှင့် လာတိုက်သည့် ဘီယာက များလှလေသည်။ အပြင်ထွက် မသောက်တာကြာပြီဖြစ်၍ စစ်ဗျူဟာ ပျော်နေ၏။ စိတ်မှာလည်း တိမ်ပေါ်ပျံရသလို လွတ်လပ်နေသည်။ စားသောက်ဆိုင်မှာ မှောက်မကျန်ခဲ့လျှင် ပြီးရော စိတ်ရှိတိုင်း သောက်ပစ်လိုက်သည်။

"ဒါ‌ နောက်ဆုံးတစ်ခွက် Kampai !"

အဖွဲ့ခေါင်းဆောင်က ဘီယာဘူးကို မြှောက်ကာ ဆိုသည်။ Limit သိ၍ ရပ်ထားသူများမှလွဲလျှင် အားလုံးသောက်လိုက်ကြ၏။

"အိမ်ကို သေချာပြန်ကြနော်"

"ပြန်ပါတော့မယ်။ အဖွဲ့ခေါင်းဆောင် နှုတ်ဆက်ပါတယ်"

"နှုတ်ဆက်ပါတယ်"

ထရပ်သည့်အချိန်တွင်တော့ စစ်ဗျူဟာ ဗွေဖောက်လာလေပြီ။ ထွေနေသည့်အရှိန်ကြောင့် ခြေလှမ်းတို့မှာ သိပ်မူမမှန်ချင်။

အဆိုးဆုံးမှာ စား‌သောက်ဆိုင်အထွက်ရှိ ကြီးကြီးမားမား တံခါးပေါင်ကြီးအား ၀င်တိုက်မိလိုက်ခြင်းပင်။ တံခါးပေါင်က ဘာမှ မဖြစ်သော်လည်း သူကတော့ ဟပ်ထိုးလဲသွား၏။ ဟန်ကိုယ့်ဖို့ကာ ပြန်ရပ်လိုက်ရသော်လည်း မူးနေမှန်း ကိုယ့်ကိုယ်ကိုယ် သိလိုက်‌လေပြီ။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang