⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော် ⟩⟩
[Unicode]
နံပါတ် ၁ ဟု ရေးသားထားသော ဓာတ်လှေကားခလုတ်ကို နှိပ်လိုက်ပြီးနောက် နားထောင်လက်စဖြစ်သော နားကြပ်တစ်ဖက်ကို စစ်ဗျူဟာ ပြန်တပ်ထားလိုက်သည်။
ဓာတ်လှေကားသံက တောင်ခနဲမြည်သွားတိုင်း လူအုပ်ကြီးက အတွင်းထဲသို့ တိုးဝှေ့ကာ ရောက်လာကြ၏။ တစ်ဖွဲ့ပြီး တစ်ဖွဲ့၊ တစ်ဖွဲ့ပြီး တစ်ဖွဲ့နှင့် အဆက်မပြတ်။ အလုပ်အကိုင် ပေါများရာ နေရာဖြစ်သမို့ လူများလည်း ပေါများကြလေပုံ။ တစ်ခါတလေ တစ်မျိုးတည်းသာ ရှိသလို တစ်ခါတလေလည်း လူမျိုးစုံသည်။
ဘာပဲဖြစ်ဖြစ် ဂျပန်က အအေးပိုင်းနိုင်ငံဖြစ်၍သာ တော်တော့သည်၊ ရန်ကုန်မှာသာ ဆိုလျှင် အသက်ရှူကြပ်ပြီးသေမှာ အသေအချာ။
"တောင်"
အောက်ဆုံးထပ် ရောက်တော့ အားလုံးက ရှင်းလင်းသွား၏။ ရုံးအပြင်ဘက်သို့ ထွက်လျှင် ထွက်ချင်း နှင်းမှုန်များက ခေါင်းပေါ် သဲသဲမဲမဲ ကျလာသည်။
ဆောင်း။
သိပ်ချစ်ရသော ဆောင်း။
ဂျပန်နိုင်ငံ၏ ဒီနှစ်ဆောင်းကိုတော့ အပြည့်အဝ မီသွားရပြီ။ သစ်ပင်ကြီးတို့၏ အကိုင်းအလက်များက ခရင်ဆမ်းထားသလို ဖွေးဖွေးဖြူလျက်။
မော့ကြည့်လိုက်တော့ အမှုန်အနည်းငယ်က မျက်နှာပေါ် ဖြာခနဲ ကျလာသည်။ တို့ထိ သုတ်လိုက်သည်က ပျောက်သွားသော်လည်း အအေးဓာတ်က ရင်ထဲအထိ စိမ့်ဝင်သွားရ၏။
ဆောင်းဥတုက အေးချမ်းလေစွ။ ရောက်ရှိဖို့ရာ အနည်းငယ် အစပျိုးရုံမျှကတည်းကပင် လူအများကို ပျော်ရွှင်စေတတ်သည်။ ဒီလို ပွင့်လင်းရာသီ ရောက်လာလျှင် ဘာပဲလုပ်လုပ် အဆင်ပြေနေတော့သည်။ မုန်တိုင်းတို့လည်း မရှိ၊ အပူအပင်ဟူသမျှလည်း မရှိ။ ဘဝတစ်ခုလုံး စိတ်ချမ်းသာလိုလျှင် ဟေမန္တနတ်သားကို ကိုးကွယ်ရမည် ထင်သည်။ သို့မဟုတ် မေးရမည်။ အရင်ဘဝက သူ ဘာကုသိုလ် လုပ်ကာ ဘာဆုတွေများ တောင်းခဲ့သလဲဟု။
လမ်းတစ်ခုလုံးက နှင်းများဖြင့် ဖွေးဖွေး ရိုက်သွားပြီးနောက်တွင်တော့ မခံနိုင်တော့သဖြင့် လွယ်ထားသော အိတ်ထဲက ဦးထုပ်နှင့် လက်အိတ်ကို ထုတ်ယူ၀တ်ဆင်လိုက်ရသည်။ စစ်ဗျူဟာက နှင်းနှင့်တွေ့လျှင် ဒီလိုမျိုး အအေးခံချင်သည်။
![](https://img.wattpad.com/cover/225069551-288-k963122.jpg)
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020