( 32 )

2.6K 194 15
                                    

[Unicode]

"stick ထဲမှာ ကူးပြီးတာ သေချာတယ်နော်"

Laptop ကို ပိတ်၍ အားသွင်းကြိုးကိုပါ ဖြုတ်လိုက်ရင်းမှ ကေသရီက ပြန်ဖြေသည်။

"ပြီးပြီ မလူစီ"

အရှေ့လျှောက်လိုက်၊ အနောက်လျှောက်လိုက်နှင့် လူစီက တော်တော်လေး စိတ်လှုပ်‌ရှားနေမှန်း သိသာ၏။

"Projector က ဒီနေ့မှ ထမဖောက်ပါစေနဲ့ ဆုတောင်းရမယ်။ ပြနေရင်း မပေါ်လာမှာပဲ ကြောက်တာ။ ကျန်တာ အားလုံးက ok တယ်။ ဘယ်အချိန်ရှိပြီလဲ။ လာတော့မှာတဲ့လား။"

ဆန်းလင်းက နာရီကြည့်ကာ ခေါင်းညိတ်ပြသည်။ ထို့ကြောင့် အားလုံး Meeting room ရှိရာ ချီတက်လိုက်ကြ၏။

ဒီနေ့က သူတို့ project ကို အပြီးသတ် အပ်နှံသောနေ့ ဖြစ်သည်။ ထို့ကြောင့် meeting room ထဲ၌ လူစုံနေကြ၏။ မပြမချင်း ကိုယ့် project ကို ကိုယ် ထပ်ကာထပ်ကာ checkup လုပ်ရသည်မှာလည်း အကြိမ်ကြိမ်။

မတော်တဆ Error တစ်ခု တွေ့လိုက်သည်နှင့် ခေါင်းနားပန်းကြီးကာ ချက်ချင်းကို ချွေးတလုံးလုံးနှင့် ပြင်ကြရသည်။ ဟိုအဖွဲ့ ကြည့်လိုက်တော့လည်း စုရုံးစုရုံး၊ ဒီအဖွဲ့ ကြည့်လိုက်တော့လည်း ‌တံခါးပေါက် ကြည့်ကာ လည်တဆန့်ဆန့်နှင့် ကဏှာမငြိမ်။

နောက်ဆုံး ကိုးနာရီထိုး၍ CEO နှင့် သူတို့အဖွဲ့မှူး ရောက်လာသောအခါတွင်မှ ထိုရွစိရွစိ အနေအထားက ငြိမ်သက်သွားပြီး လေထုကလည်း အေးစက်သွားတော့၏။

"ကဲ စလို့ရပြီ"

အဖွဲ့မှူးက ပြောလိုက်သည်နှင့် Group 1 မှ လူများက ရှေ့သို့ ထွက်သွားကြလေသည်။

လေအေးလေးနှင့် သူတို့ project အကြောင်းကို ရှင်းပြသွားသည်မှာ နားထောင်ချင်ဖွယ် အတိ။ UI design, system ဘာမှ ပြောဖွယ်ရာ မရှိ။ အစကတည်းက Idea ကောင်းသူများမို့ ဒိုင်လူကြီးတွေက ခေါင်းတညိတ်ညိတ်နှင့် သဘောကျနေကြသည်။

Group 2 ကတော့ သူ့အထင် သူတို့လောက် မကောင်း။ သို့ရာတွင် design ပိုင်းက အတော်မိုက်သည်။ ထူးထူးခြားခြားကို ဖြစ်နေ၍ စိတ်ဝင်စားခြင်း ခံရ၏။

"Group 3 အဆင်သင့် လုပ်ထားပါ"

စောစောက အေးအေးဆေးဆေး သူများအဖွဲ့အား အကဲဖြတ်နေခဲ့သော်လည်း သူတို့အဖွဲ့နာမည် ခေါ်ခံလိုက်ရသော အခါတွင်တော့ ချွေးစို့လာလေသည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now