Epilogue 2 | ( 45 )

2.7K 136 7
                                    

⟨⟨ Ouo link ကနေ ဝင်ဖတ်ပေးဖို့ မမေ့ပါနဲ့နော်။ ⟩⟩

[Unicode]

"စိတ်ဖိစီးမှုကြောင့် shock ဖြစ်သွားတာလို့ ယူဆပါတယ်။ ပိုသေချာအောင် CT ရိုက်ထားတာမို့ အဲ့ဒီ result လေး စောင့်ပေးပါဦး။"

ပြောရင်းပင် CT ခန်းထဲမှ တွန်းလှည်းက ပြန်ထွက်လာသည်။ ပူပန်စိတ်ဖြင့် လှမ်းကြည့်မိလိုက်လျှင် သားဖြစ်သူက သတိရနေပုံ ပေါ်၏။

"စိုးရိမ်ရလားဟင် ဆရာ"

"ခုလောလောဆယ်တော့ တအားစိုးရိမ်ရတဲ့ အခြေအနေမျိုး မရှိပါဘူး။ အဖြေထွက်လာမှပဲ အခြေအနေ ကြည့်ပြီး သေချာ ပြောလို့ရမှာပါ။ ဦးနှောက်နဲ့ ပတ်သက်ပြီး ရောဂါတစ်ခုခု မရှိရင် ဆေးရုံ ခဏလောက် တက်ပြီးတာနဲ့ ပြန်ကောင်းသွားပြီး ဆင်းလို့ရပါပြီ။"

ဒေါက်တာက အခန်းထဲ ဝင်သွားသည်မို့ သူ(မ)တို့လည်း လိုက်သွားလိုက်၏။ စိတ်ထဲကလည်း ထူးထူးခြားခြား ရောဂါများ မဟုတ်ပါစေနှင့်ဟု အဆက်မပြတ် ဆုတောင်းနေမိသည်။

"စိတ်ကို လျှော့ထား မိန်းမ"

ခင်ပွန်းသည်က အသာအယာ ကိုင်တွယ်ကာ ပြောလာ၍ ခေါင်းညိတ်လိုက်သည့်တိုင် အကြည့်များကတော့ မတည်ငြိမ်သေးပါချေ။

"မတိုင်ခင်က ခေါင်းနဲ့ ပတ်သက်ပြီး တစ်ခုခုများ ပြောသေးလား"

တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်မိလိုက်ကြ၏။ အမှန်ပြောရလျှင် သူတို့ မသိ။ ခုရက်ပိုင်း ပြဿနာများကြောင့် ဝေးကွာနေကြသည်။ ထို့အတူ သားကလည်း အိမ်ကပ်သည် မရှိ။ ညနက်မှ ပြန်လာပြီး၊ ပြန်လာလျှင်လည်း အောက်ထပ်ရှိ ချောင်ထဲက အခန်းမှာသာ ခိုနေတတ်သည်။

"အဲ့လိုတော့ မသိ..."

"ခေါင်းကိုက်သလိုမျိုးတော့ ဖြစ်တယ် ဒေါက်တာ"

ဝင်ဖြေပေးမည့်သူ ရှိမှ ဒေါက်တာ့မျက်နှာကို ပြန်ကြည့်လိုက်ကြသည်။ အတွင်းရေးမှူး ကလေးလေးကြောင့်သာ အခြေအနေမှန်ကို သိရ၏။ ထို့အတူ ကိုယ့်ကိုယ်ကိုယ်လည်း အပြစ်တင်မိသွားရသည်။ သားဖြစ်သူကို ပစ်ထားမိတာ များသွားပြီ ထင်လေသည်။

ပြိုမလိုလိုမိုး { Completed }Tahanan ng mga kuwento. Tumuklas ngayon