( 3 )

5.3K 421 17
                                    

[Unicode]

"စားဦးလေ"

ပန်းကန်ထဲ၌ ကျန်သေးသော ပေါင်မုန့်နှစ်ချပ်ကို ကြည့်ကာ အာဏာက ထပ်မံတိုက်တွန်းသည်။ မနက်စောစောထ၍ ပူပူနွေးနွေး ပြုလုပ်ပေးထားသည့် ပေါင်မုန့်နှင့် နွားနို့ပူပူက စားရသောက်ရ အရသာ ရှိလှ၏။ သို့သော် မနက်စာ စားကျင့် မရှိ၍ စစ်ဗျူဟာက သိပ်စားမ၀င်ချေ။

"တော်ပြီ"

"မရဘူး စားဦး။ မင်း အဲ့ဒါကြောင့် ပိန်နေတာ"

မတ်တပ်ရပ်ပြီးမှ အရှုံးပေးသည့်အနေဖြင့် ပြန်ထိုင်ကာ စစ်ဗျူဟာ နောက်တစ်ချပ် ယူစားပြလိုက်သည်။

"ရပြီလား"

"အင်း"

မင်းအာဏာ၏ ဆိုဖာပေါ် ခြေဆန့်ကာ ထိုင်နေသည်ပုံက အလွန်သက်သောင့်သက်သာ ရှိနေဟန်ဖြင့်။ လူချမ်းသာများဟာ အမြင်ကတ်ချင်စရာပင်။ သူ့မှာတော့ အေးအေးချမ်းချမ်းထဲ ရုံးသွားဖို့ အ၀တ်လဲနေရသည်။

"အိုက်ယိုး !!! အေးလိုက်တာ"

ပင်လယ်နှင့် နီး၍ အိုဆာကာက အအေးဓာတ် သိပ်မပြင်းထန်သော်လည်း နွေးလက်စအ၀တ် ကိုယ်ပေါ်မှ ကွာသွား‌လျှင်တော့ ချမ်းရသည်။ ကုတ်အင်္ကျီကို ခပ်မြန်မြန် ၀တ်ကာ ရှူးရှူးရှဲရှဲအော်ရင်း အိမ်ရှေ့ဆီ ထွက်လာခဲ့၏။

ဖုန်းတစ်လုံးနှင့် မျက်နှာကပ်နေသူကို မြင်တော့ စစ်ဗျူဟာ မကျေမနပ် လှမ်းပြောလိုက်သည်။

"မနာလိုလိုက်တာ"

"ငါက အလုပ်လုပ်ချင်နေတာ။ ထိုင်နေရတော့ ပျင်းတယ်"

စစ်ဗျူဟာမှာ မျက်ဖြူလန်သွားရပြီး မကြည်ကြည်ဖြင့် ကြည့်လိုက်မိ၏။ ဂိမ်းပျော်ပျော်ရွှင်ရွှင် ဆော့နေသည့် မျက်နှာက အလုပ်လုပ်ချင်သည် ဖြစ်ရသေး၏။ တမင်သက်သက် သူ့စကားကို လိုက်ပြော‌နေခြင်းပင်။

"အဲ့လောက် အလုပ်လုပ်ချင်နေရင် အိမ်အလုပ်တွေ လုပ်ထားလိုက်လေ"

ဖိနပ်စီးကာ အိမ်ရှေ့တံခါးကို ဖွင့်လိုက်တော့ မြင်လိုက်ရသည်က နှင်းဖွဲဖွဲထဲတွင် အထုတ်အပိုးတွေနှင့်အတူ အနွေးထည်အထူကြီး ၀တ်ထားသော လူတစ်ဦး။ လူခေါ်ဘဲလ် နှိပ်တာကို သူတို့ကပဲ မကြားသလား၊ ထိုသူကပဲ မခေါ်သလားမသိ။ ရပ်စောင့်ရတာ ကြာသဖြင့် မေးတဂတ်ဂတ် ရိုက်နေ‌လေသည်။

ပြိုမလိုလိုမိုး { Completed }Où les histoires vivent. Découvrez maintenant