( 46 )

2.9K 142 5
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ပေးဖို့ မမေ့ပါနဲ့နော် ⟩⟩

[Unicode]

ဘာလို့ သူ မသေသေးတာလဲ။

ဘာလို့ အသက်ရှင်နေရတာလဲ။

ဂုဏ်ရောင် အခုထိ မလာသေးဘူးလား။

ထိုစကားသုံးခွန်းမှာ နိုးလာသည့်အချိန်မှ စ၍ ယခုအချိန်အထိ မင်းအာဏာ တောက်လျှောက် ရေရွတ်နေမိသော ဂါထာတစ်ပုဒ်ပင် ဖြစ်သည်။

ဒီဘဝက ဒီလို လွယ်လွယ်နှင့် အဆုံးသတ်သွားမည် သူ ထင်ခဲ့သည်။ ဒီလောက်လေး ခံစားရရုံဖြင့် အခက်ကြီး ခက်ရပြီဟု သူ ထင်ခဲ့သည်။

တစ်ပတ်ကြာကြာ မေ့မျော၍ ပြန်နိုးလာချိန်တွင်တော့ ထိုအရာများက ဘာမှ မဟုတ်မှန်း သိလာရ၏။ ဘယ်လောက်ပင် လိုချင်ပါစေ မရလိုက်သည့် အခိုက်အတန့်များလည်း ရှိသလို၊ ဘယ်လောက်ပင် လက်မခံချင်၍ ရှောင်ပြေးနေပါစေ ရင်ဆိုင်ကို ရင်ဆိုင်ရဦးမည့် တစ်နေ့လည်း ရောက်ရမည်ကို သဘောပေါက်လာရ၏။

"တစ်ခါလောက်ပဲ ကိုင်ပေးပါ ဂုဏ်ရောင်။ မင်း ငါ့ကို စကားမပြောချင်ဘူး၊ မြင်လည်း မမြင်ချင်ဘူးဆိုတာ နားလည်ပါတယ်။ ဟုတ်ပါတယ်။ ငါက မင်းပြောသလို မကောင်းတဲ့ကောင်၊ ယုတ်မာတဲ့ ကောင်ပါ။ ဒါပေမဲ့ ငါ အားကိုးလို့ ရတာလည်း မင်းတစ်ယောက်ပဲ ရှိတော့တာမို့လို့ပါ။ သူ ဘယ်မှာ ရှိနေလဲ မင်းတစ်‌ယောက်ပဲ သိမယ်ဆိုတာ ငါ သိတယ်။ မင်းသာ ခွင့်လွှတ်မယ်ဆိုရင် ငါ ဘာပဲလုပ်ရ လုပ်ရ လုပ်ပေးပါ့မယ်။ ကျေးဇူးပြုပြီး သူ ဘယ်မှာ ရှိနေလဲဆိုတာပဲ ပြောပြပေးပါ။ အဲ့ဒီနေရာက မိုးအဆုံးမှာ ရှိနေလည်း ငါ လိုက်ပြီး ရှာပါ့မယ်။ မြေအဆုံးမှာ ရှိနေလည်း မရောက်ရောက်အောင် သွားပါ့မယ်။ ဒီတစ်ခါတော့ မှဲ့တစ်ပေါက်တောင် မစွန်းစေရအောင် ငါ သေချာ စောင့်ရှောက်ပါ့မယ်။"

"တစ်ခါလေးပဲ ဖုန်းကိုင်ပေးပါ"

အရဲစွန့်၍ ပို့လိုက်ပြီးနောက် ဖုန်းမျက်နှာပြင်ကိုသာ မမှိတ်မသုန် ထိုင်ကြည့်နေမိသည်။ ဆေးရုံပေါ်မှာ သူ လုပ်စရာကလည်း ဒါပဲ ရှိ၏။

သို့ရာတွင် တစ်ညနေလုံး မင်းအာဏာ စောင့်ဆိုင်းနေခဲ့ပါသော်လည်း ထိုဖုန်းက အသံသေးသေးလေးမျှပင် ထွက်ပေါ်မလာခဲ့ပါချေ။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang