( 43 )

3.6K 207 42
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ပေးဖို့ မမေ့ပါနဲ့နော် ⟩⟩

[Unicode]

မိုးအကုန်နှင့် ဆောင်းဦးပေါက်၏ စပ်ကူးမတ်ကူး အချိန်ကာလ။ မိုးနှင့် နှင်းမှာ ရောထွေးနေ၍ အရာအားလုံး အေးစိမ့်စိမ့်။ ရေခိုးရေငွေ့တို့က ပြတင်းပေါက် မှန်ပြင်များအား ရိုက်ခတ်သွား၍ ဝါးတားနေသလို နှင်းခြုံသည့် အပင်တို့မှာလည်း ငွားငွားစွင့်စွင့် ပွင့်လန်းနေကြသည်။

မပီဝိုးတဝါး သဘာဝအကြား၌ ခေတ်မီမီ ဆောက်လုပ်ထားသော အထပ်မြင့် အဆောက်အဦတစ်ခုမှာ ဒီရာသီကို သဘောကျပုံဖြင့် Heater မဖွင့်။ အခန်းတိုင်းက အလုပ်ကိုယ်စီဖြင့် ငြိမ်သက်နေကြပြီး အပေါ်ပိုင်း အထပ်ရှိ အခန်းတစ်ခု၌သာ အနည်းငယ် ဆူညံနေခဲ့၏။

အကြောစိမ်းဖန့်ဖန့်တို့ ပိုင်ဆိုင်ထား၍ ယောက်ျားဆန်ဆန် ရှည်သွယ်သော လက်ချောင်းများသည် တစ်ခုနှင့် တစ်ခု ယှက်သွယ်လျက် ရှိနေခဲ့ပြီး pointer ကို ထိန်းချုပ်ထားသော လူအား စူးစိုက်ကြည့်နေသည်။ စားပွဲပတ်ပတ်လည်၌ နေရာယူထား‌သော လူတစ်စုက ထိုသူ၏ တည်ငြိမ်သော အသံကို အသေအချာ နားထောင်နေကြမှန်း သိသွားလျှင် ကျေနပ်သွားဟန် မျက်ခုံးနက်နက်များက ဖြောင့်တန်းသွား၏။

"ဟုတ်ကဲ့။ ဒါကတော့ မြန်မာနိုင်ငံရဲ့ ရှေ့ဆောင်လမ်းပြဖြစ်တဲ့ M.A.N ပါ။"

Projector ပေါ် ထင်ရင်နေသည့် ပုံရိပ်များ ရပ်တန့်သွားသည့် အခါ တဖြောင်းဖြောင်း မြည်သော လက်ခုပ်သံများက ထွက်ပေါ်လာသည်။ ဝိုင်းထိပ်မှ ကုမ္ပဏီပိုင်ရှင်က မဆိုင်းမတွ စာချုပ်၌ လက်မှတ်ထိုးလိုက်လျှင် အရာအားလုံးက အဆုံးသတ်သွားတော့၏။

အလွန် ကြေးကြောင်များသော ဤကုမ္ပဏီနှင့် စာချုပ်ချုပ်ရန် ကြိမ်ဖန်များစွာ ကြိုးစားခဲ့ပြီး ယခု တတိယအကြိမ်၊ လေးလကြာမှ သဘောတူညီမှု ရရှိလာခြင်း ဖြစ်ရာ မင်းအာဏာ့နှုတ်ခမ်း၌ အပြုံးကြီးကြီးတစ်ခု ဖြစ်တည်နေတော့သည်။ မြန်မာနိုင်ငံရှိ ကားဈေးကွက်ကို ချုပ်ကိုင်နိုင်ရန် ယခုလို သူများရှေ့က လက်ဦးမှု ရယူနိုင်ပြီး အောင်မြင်အောင် လုပ်ဆောင်နိုင်မှလည်း ဖြစ်ပေမည်။

ပြိုမလိုလိုမိုး { Completed }Tempat cerita menjadi hidup. Temukan sekarang