( 16 )

3.1K 258 29
                                    

[Unicode]

"ဒီမှာဗျ။ အရုပ်လေး ပြုတ်ကျနေတယ်။"

သူ့ကို ရည်ရွယ်သည် ထင်ရသော စကားသံတစ်ခုပါ ထပ်မံလွင့်ပျံလာပြန်လေသည်။ စစ်ဗျူဟာ နည်းနည်းတော့ မျက်မှောင်ကြုံ့မိသွားသလို အမှတ်ပေးထားသည်များလည်း လျှော့ချင်သွား၏။

"ကျွန်တော့်ဟာ မဟုတ်ဘူးဗျ"

မော့မကြည့်ဘဲ ခပ်ပြတ်ပြတ်သာ ဆိုလိုက်သည်။

"ဟုတ်ပါတယ်။ ဒီမှာ ဇီးကွက်ရုပ်လေးလေ။"

စစ်ဗျူဟာ သိပ်စိတ်မရှည်တော့။ အရေးမပါစွာ မရှိသည့် ဇီးကွက်ကို လာပြောနေသည်။ သို့ရာတွင် ရယ်သံတစ်၀က် ကပ်ပါနေသော ထိုအသံကို ကြားဖူးခဲ့သလိုလို။

သံသယကြောင့် ဘေးခုံမှ အသံပိုင်ရှင်အား ငဲ့ကြည့်လိုက်လျှင် ပထမဦးစွာ မြင်လိုက်ရသည်က လည်ပင်း၌ ချိတ်ဆွဲထားသော လင်းဂုဏ်ရောင် ဟူသည့် နာမည်ကတ်ပြား။ ထို့နောက် ပါးလှပ်၍ ရယ်ချင်စွာ ပွင့်ဟနေသော နှုတ်ခမ်းများ။

"ဂုဏ်ရောင်...!!!"

"ဟုတ်ပ။ ဘာတွေကို အသည်းအသန် လုပ်နေတာလဲ။ ငါ  ဒီလောက် ပြောနေတာကို လှည့်တောင် မကြည့်ဘူး။"

ရယ်ပြလာလျှင် အရင်လို အပြုံးတို့က နွေးထွေးနေသည်။ လူအများအပေါ်တွင် ကြင်နာသနားစိတ်ဖြင့် ကြည့်တတ်သော အကြည့်ကလည်း ကျန်ရှိနေဆဲ။ မျက်နှာပေးမှာလည်း ချိုသာလျက်။ မီးခိုးရောင် suit နှင့် ပိုမို ခန့်ညားသပ်ရပ်၊ ကြီးပွားနေသော ဂုဏ်ရောင်ပါပင်။

"ပြောတော့ အမေရိကန်မှာဆို။ ဘယ်တုန်းက ပြန်ရောက်နေတာလဲ။"

ပြောပြောဆိုဆို လက်မောင်းကို ခပ်ကျိတ်ကျိတ် ထိုးလိုက်မိလျှင် ဂုဏ်ရောင်က ပိုတောင် ပျော်သွားပုံရ၏။

"တစ်လလောက်ရှိပြီ။ မင်းကွာ နေနိုင်လိုက်တာ။ ငါ့ကို ဖုန်းလေး ဘာလေးတောင် မဆက်ဘူး။ ဒါနဲ့ မင်းကရော ဘယ်အချိန် ပြန်ရောက်နေတာလဲ။"

ဖုန်းမဆက်ဘူးဟု ပါလာပြန်သဖြင့် စစ်ဗျူဟာ ရယ်မိရတော့၏။

"ငါက ဘယ်သူနဲ့မှ အဆက်အသွယ်ကို မရတာ။ မင်းအမေရိကန်မှာ ဆိုတာကိုတောင် အာဏာပြောလို့ သိတာကွ။"

ပြိုမလိုလိုမိုး { Completed }Nơi câu chuyện tồn tại. Hãy khám phá bây giờ