[Unicode]
သူ့တစ်ယောက်တည်း စိတ်မချသောကြောင့် ဖြစ်မည်၊ မနက်အစောကြီး မေမေက ပြန်ရောက်လာ၏။ တံခါးထဖွင့်ပေးချိန်တွင် အပြင်ဘက်၌ အလင်းပင် သိပ်မရှိတတ်သေး။
"အစောကြီးပဲ မေမေ။ အိပ်ရော အိပ်ခဲ့ရဲ့လား။"
"အိပ်ခဲ့ပါတယ်။ ဟင်းတောင် ချက်လာသေးတယ်။ ဒီမှာ။"
လက်ထဲက ခြင်းကို မြှောက်ပြရင်း ဆိုသည်။ နားပါဦး ပြောခဲ့သည်ကို စကားနားမထောင်။ အဘွားတို့ကဲ့သို့ပင် သူ့အမေဟာလည်း လဲတစ်ဆုပ်ကို မ,မနိုင်သည့် အရွယ်ရောက်မှ ရပ်တန့်မည့်သူမျိုး။
"အာဏာလည်း လာပေးတာလား"
အိပ်နေဆဲဖြစ်သော အာဏာ့ကျောပြင်ကို တစ်စွန်းတစ်စ မြင်လိုက်လျှင် မေမေက အထဲ၀င်လာပြီး သေချာကြည့်သည်။ တစ်ညလုံး ရှိနေခဲ့မှန်း သိသွားသောအခါ သူ့လက်ကို ဆွဲ၍ တံခါးနားသို့ ပြန်ခေါ်လာပြန်၏။
"အားနာစရာကြီး သားရယ်။ သူများကို နေရာကလည်း ကျဉ်းကျဉ်းကျပ်ကျပ်နဲ့။"
မေမေ ပြောတာလည်း ဟုတ်တော့ဟုတ်သည်။ သူတောင် ခု စောင်းအိပ်ရ၍ တစ်ခြမ်းနာနေ၏။ အာဏာလည်း သူ့လို နာနေလောက်မည်။ ထပ်ဆိုးသည်က ထိုသူဟာ သူ့အိမ်မှာ ရွှေပေါ်မြတင် နေခဲ့သူ။
"သေချာ မစဉ်းစားလိုက်ဘူး။ ညက ကြောက်နေတာနဲ့။"
"ဒီကြောက်တာကလည်း မပျောက်သေးဘူးလား။ သရဲဆိုတာ အကောင်အထည်မှ မရှိတာ။ ကိုယ်က လူ၊ လက်နဲ့ခြေနဲ့။ ဘာလုပ်လို့ရမှာ မို့လို့လဲ။"
စစ်ဗျူဟာ ခေါင်းကုတ်လိုက်မိ၏။ သရဲကြောက်တာက ဘာလုပ်လုပ် ဖျောက်၍မရကြောင်း သရဲမကြောက်တတ်သော မေမေ့ကို သူ ရှင်းမပြတတ်။ မေမေကလည်း သူကြောက်တာကို နားမလည်။ ယောက်ျားလေးဖြစ်ပြီး သရဲဘောကြောင်သည်ဟုသာ ညည်းသည်။
"သွား သူငယ်ချင်းကို ပြန်ခိုင်းလိုက်ဦး။ သားလည်း ရုံးသွားဖို့ပြင်။ ရေပြန်ချိုးဦးမှာလား။"
သေချာပေါက် ရေတစ်ခေါက်တော့ ချိုးရဦးမည်ပင်။ မနေ့က အိမ်မပြန်၍ ခုထက်ထိ သူ ရေမချိုးရသေး။ တွေးရင်း ရယ်ချင်သလို အားလည်း နာသွား၏။ ညက အသန့်ကြိုက်သော မင်းအာဏာ ဘယ်လိုများ နေခဲ့သည် မသိ။
ESTÁS LEYENDO
ပြိုမလိုလိုမိုး { Completed }
Ficción Generalအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020