( 37 )

3.1K 235 42
                                    

[Unicode]

"ဒေါက် ဒေါက်"

"သားရေ။ ထမင်း မစားတော့ဘူးလားကွယ်။ မနက်ကလည်း မစားဘူး။ နေ့ခင်းကလည်း မစားဘူးလေ။"

အန်တီ့အသံကြောင့် လဲလျောင်းနေရာမှ စစ်ဗျူဟာ ထလိုက်သည်။ ငိုရပါ များသဖြင့် သူ့မျက်ဝန်းတို့မှာ ဖောင်းမို့ကာ ရဲရဲနီနေ၏။ ဘေးနားတွင်လည်း တစ်ရှူးဖြူဖြူများက ပြန့်ကျဲနေကြသည်။

"အန် တီ"

"အေး သား။ စားမယ် မလား။ အခန်းထဲ လာပို့ပေးရမလား။"

ပြောရလျှင်တော့ သူ့မှာ စားချင်စိတ်ကို ရှိမနေပါချေ။ အာရုံအလုံးစုံက ဝမ်းနည်းခြင်းနှင့် နာကျင်ခြင်းတွင်သာ ကျရောက်နေ၏။

"ကျွန်တော် မစားချင်ဘူး"

"ထမင်း မစားချင်ရင် အန်တီ ဘာလုပ်ပေးရမလဲ။ မစားဘဲ မနေရဘူးလေကွယ်။ ဘာပဲဖြစ်ဖြစ် အစားစားမှ ခံနိုင်ရည်အား ရှိမှာ။ သား စိတ်ဆိုးတဲ့အခါလည်း အားရှိနေမှ စိတ်ဆိုးအောင် လုပ်တဲ့သူကို ရန်တွေ့နိုင်မှာပေါ့။"

"ဟင်"

ရန်တွေ့နိုင်မယ်။ အန်တီ့စကားကို ရေရွတ်လိုက်မိသည်။ ဟုတ်သည်။ အာဏာ့ကို သူ ရန်တွေ့ဖို့ လိုသေးသည်ပင်။

"မေမေကလည်း သားကို အစားပုံမှန်စားဖို့ မှာခဲ့တယ် မလား။ လာ စားလိုက်နော်။"

ကြမ်းပြင်ပေါ် လှမ်းသွား‌သော စစ်ဗျူဟာ၏ ခြေဖဝါးက ရေပေါ် ကျလာသည့် မိုးပေါက်တို့လို။ တစ်ခဏချင်းပင် လွင့်ဝေးပြန့်ကျဲကာ ပျောက်ကွယ်သွားတော့မည့် အလား။

တံခါးချက်ကို ဖွင့်လိုက်ချိန်တွင် အန်တီက အလွန်တရာ စိတ်ရှည်သော အမူအရာဖြင့် စောင့်ဆိုင်းနေသည်ကို တွေ့ရ၏။

"ဘုရားရေ !"

သို့ရာတွင် သူ့မျက်နှာကို မော့ကြည့်လာချိန်တွင်တော့ တအံ့တဩ ဖြစ်သွားတော့သည်။

"အန်တီ စွပ်ပြုတ်လုပ်ပေးမယ်နော်"

မျက်လုံးကို လက်ဖနောင့်ဖြင့် ပွတ်ကာ ခေါင်းညိတ်ပြလိုက်မိသလို အန်တီကလည်း အောက်ထပ်သို့ ခပ်မြန်မြန် ပြန်ဆင်းသွားတော့သည်။ ထိုအခါမှ ကျန်ခဲ့ရင်း တံခါးဘောင်ကို ခပ်လျော့လျော့ မှီထားလိုက်၏။ အမြင်အာရုံဟာ မကြည်လင်ပေ။ အပူဓာတ်ကြောင့် လေးကာ ဝေဝေဝါးဝါး ဖြစ်နေရသည်။

ပြိုမလိုလိုမိုး { Completed }Où les histoires vivent. Découvrez maintenant