( 39 )

3.2K 222 25
                                    

⟨⟨ Ouo link ကနေ ဝင်ကြည့်ဖို့ မမေ့ပါနဲ့နော်။ ⟩⟩

[Unicode]

Bartender လေး ကမ်းပေးသော အရက်ခွက်ကို မတုံ့ဆိုင်းဘဲနှင့် တစ်ကျိုက်တည်း မော့ချလိုက်၍ ပူလောင်လောင်၊ ခါးသက်သက် အရသာက လည်ချောင်းထဲသို့ ခပ်ပြင်းပြင်း စီး၀င်သွားရသည်။

Once upon a time we had it all

( တစ်ခါတုန်းကတော့ အရာအားလုံးကို ပိုင်ဆိုင်ခဲ့ဖူးတယ် )

Somewhere down the line we went and lost it

( အခုတော့ ကိုယ်တို့ ခရီးဟာ တစ်နေရာရာမှာ ပျက်စီးပြီး ပျောက်ဆုံးသွားခဲ့ရပြီ )

One brick at a time we watched it fall

( တည်ဆောက်ခဲ့ကြတဲ့ အပိုင်းအစလေး ပြိုကျသွားတာကို ကြည့်နေခဲ့ရတော့ )

I'm broken here tonight and darling, no one else can't fix me

Only you...

( ဒီတစ်ညလုံး ကြေကွဲခံစားနေရတာကို မင်းက လွဲပြီး ဘယ်သူမှ ကုစားမပေးနိုင်တော့ပါဘူး အချစ်ရယ် )

Only you

( မင်းကလွဲပြီး... )

ဆူညံစွာ ထွက်ပေါ်လာနေသော Little Mix ၏ Only you သီချင်းသံက Bar အတွင်း၌ ပျံ့လွင့်နေသည်။

လူအများဟာ ပျော်ရွှင်ကြသည့်အခါမှာ သီချင်းကို နားထောင်တတ်ကြပြီး ၀မ်းနည်းကြသည့်အခါမှာတော့ သီချင်းစာသားတွေကို ခံစားတတ်ကြသည်တဲ့။

ထိုအတိုင်းဆိုလျှင် ဒီစာသားတွေကို ကြားတိုင်း ခံစားချက်နှင့် တိုက်ဆိုင်သယောင် နာကျင်ရသည့် သူဟာ ၀မ်းနည်းနေ၍လား။ အရက်တစ်ခွက် ထပ်ပေးပါဟု တောင့်တမိရသည်က မပျော်ရွှင်နေ၍လား။

သူကိုယ်တိုင်ကလည်း မသိပါ။

ညနေကပဲ စစ်ဆီက လက်မှတ်ထိုးထားသော ကွာရှင်းစာချုပ် သူ့ဆီ ရောက်လာသည်။ အနှေးနဲ့အမြန် သူလုပ်ရမည့် ကိစ္စ ဖြစ်သော်လည်း အခုကျတော့ သူ့စိတ်က လက်မခံချင်သလိုလို။

နှစ်ခွက်၊ သုံးခွက်ခန့် အရှိန်ပြင်းပြင်းဆင့်သောက်လိုက်မှ ခေါင်းထဲမှာ နည်းနည်း ရီတီတီ ဖြစ်လာရသည်။ တကယ်တော့ လဲကွဲသွားတဲ့အထိ မူးလိုက်ချင်သည်။ အားလုံးကို မေ့သွားသည့်အထိ မူးလိုက်ချင်သည်။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now