[Unicode]
တစ်ယောက်ယောက်ကို သူမေးဖို့ လိုနေပြီ ထင်သည်။ သို့မဟုတ် အာဏာနှင့်သာ မျက်နှာခြင်း ဆိုင်လိုက်ရမည်လား။ ကျန်သည့် တစ်ညနေလုံး ထိုင်စဉ်းစားရင်း လူက နေမထိ ထိုင်မသာ ဖြစ်လာသည်။
"အာဏာ"
ဖုန်းပြောနေပုံဖြင့် အာဏာက အစွန်ဘက်၌ မတ်တပ်ရပ်နေလေသည်။ ထို့ကြောင့် သူမေး၍ရမည့် တစ်ယောက်ယောက်ကိုသာ အောက်ထပ်ဆင်းကာ ရှာလိုက်တော့၏။
ထင်သည့်အတိုင်းပါပင်။
ထမင်းချက်အန်တီက မီးဖိုထဲရှိ စားပွဲနားတွင် ခေါင်းငုံ့ကာ အရွက်သင်နေသည်။
"အန်တီ"
အန်တီက မော့ကြည့်လာသည်။
"ဘာဖြစ်လို့လဲ သားလေး"
"အာဏာနဲ့ စေ့စပ်ထားတဲ့ ကောင်မလေး နာမည်က ဘယ်သူလဲ"
နည်းနည်းတော့ တုံ့ပြန်မှု နှေးသွားသည် ထင်ရလိုက်သော်လည်း ချက်ချင်း ထိုခံစားချက်က ပျောက်ကွယ်သွားလေသည်။
"အန်တီပြောလို့ ဖြစ်ပါ့မလား။ အာဏာ့ကို မေးကြည့်တာက ပိုကောင်းမယ် ထင်ပါတယ် သားရယ်။"
"သူ့ကိုလည်း မေးမှာပါ။ သူ ဖုန်းပြောနေလို့။ အန်တီ သိရင် အရင် ပြောပြပေးပါနော်။"
အန်တီက အနည်းငယ် စဉ်းစားပြီးမှ ခပ်လေးလေး ပြောလာသည်။
"၀တ်လွှာရုံတဲ့။ ( ... ) Travel & Tour company ရဲ့ သမီး။"
"၀တ်လွှာရုံ ?"
"အစောကတည်းက အာဏာ့အဖေတို့နဲ့ သူ့မိဘတွေက စီးပွားဖက်တွေ။ အိမ်မှာ ပွဲတွေ ဘာတွေ လုပ်ရင်လည်း လာလည်ကြတယ်။ ဒါပေမဲ့ အာဏာကတော့ အထိုက်အလျောက်သာ ဆက်ဆံတာပါ။"
အန်တီက သူတို့နှစ်ယောက် ရန်ဖြစ်မှာ စိုးသည့်အလား ဖြည့်ပြောပေးလာသဖြင့် ပြုံးလိုက်မိသည်။
"ပြောပြပေးလို့ ကျေးဇူးပါ အန်တီ"
အပေါ်ထပ် ပြန်တက်ခဲ့ပြီးနောက် စစ်ဗျူဟာသည် ဖုန်းကို ကောက်ကိုင်ကာ ထိုနာမည်နှစ်ခုအား ရိုက်ရှာလိုက်၏။
နာမည်ကြီးဖြစ်၍ပဲ ထင်သည်။ ရှေ့ဆုံးမှ အတန်းလိုက် အတန်းလိုက် တက်လာကြသည်။
YOU ARE READING
ပြိုမလိုလိုမိုး { Completed }
General Fictionအငြိုးတကြီးနဲ့ သည်းကြီးမည်းကြီး ရွာတော့မလို မင်းငါ့ဆီကို ရောက်လာခဲ့တယ်။ အခုတော့ လေပွေတစ်ချက် ဝှေ့လိုက်ရုံနဲ့ တိမ်ညိုတွေအားလုံးက ပျောက်ကွယ်သွားပြီတဲ့လား...။ 📖 - 9/09/2020 to 26/11/2020 ✍️ - 14/05/2020 to 5/09/2020