( 5 )

4.4K 343 19
                                    

[Unicode]

မနေ့က ပင်ပင်ပန်းပန်းနှင့် အစောကြီးအိပ်လိုက်၍ ဖြစ်ရမည်။ ဒီမနက်တော့ စောစောနိုးလာ၏။ အိုဆာကာသည်လည်း မမြင်စဖူး ဒီနေ့မှ နှင်းမဖွဲဘဲ နေရောင်တောက်ပနေသည်။ ရေသောက်ရန် အိမ်ရှေ့ထွက်လာခဲ့သော်လည်း အကြည့်ရောက်သွားသော တစ်စုံတစ်ရာကြောင့် ကုပ်အထက်မှ ဆံပင်များကို ပွသွားအောင် ဖွကာ ညည်းညူမိရ၏။

"အား...ငါမေ့နေတာ ! Design အကြမ်းတွေ လုပ်ရဦးမှာပဲ"

ကုပ်ချောင်းချောင်းဖြင့် အလုပ်စားပွဲရှိရာ သွားထိုင်ကာ mail စစ်ကြည့်တော့ ထင်သည့်အတိုင်းပါပင်။ အားတက်ဖွယ် ညွှန်ကြားချက် တစ်သီတစ်တန်းကြီးက စောင့်ကြိုနေ၏။ မနေ့ကတည်းက ပို့ထားခဲ့သည်ကို လျှောက်သွားနေရ၍ သူမေ့နေခြင်းပင်။ ဉာဏ်ကောင်းလွန်းသည့် ကိုယ့်ဦးနှောက်ကိုသာ ကိုယ်အပြစ်တင်ရင်း အလုပ်စဖို့ ပြင်ရတော့၏။

"ဝါး....အိပ်လို့ ကောင်းလိုက်တာ"

အပျင်းကြောကို အားရပါးရဆန့်ရင်း မင်းအာဏာ အိမ်ရှေ့သို့ ထွက်လာခဲ့သည်။ ပင်ပန်းသော်လည်း လုံလောက်စွာ အနားယူလိုက်ရ၍ စိတ်အစဉ်က ကြည်လင်နေ၏။ ဇက်ကို ဘယ်ညာချိုးပြီးနောက် မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ အံ့ဩဖွယ်မြင်ကွင်းကို မြင်လိုက်ရသည်။

"အာ... မင်းနိုးနေပြီပဲ"

သူ့ထက်စောထ၍ စားပွဲနား၌ ထူးထူးခြားခြား ငုတ်တုပ်ထိုင်နေသူ။ သန့်ရှင်းပြီးသား ခေါင်းကို ခဏခဏကုတ်နေသည်မှာ စိတ်ဖိစီးမှုကြောင့်ပဲ ဖြစ်ရမည်။

"မနေ့က မင်းနဲ့ အလည်ကောင်းတာ ခုအလုပ်တွေ ပုံကုန်ပြီကွ"

အပြစ်တင်သံဖြစ်‌သော်လည်း အပြစ်တင်မှုတို့ ရောယှက်မနေ။ ဆိုဖာပေါ် သွားရောက်ထိုင်ချကာ မင်းအာဏာ ပြန်လည်‌ မေးလိုက်သည်။

"ဒါပေမဲ့လည်း မင်းပျော်တယ်မလား"

"ဒါပေါ့။ ကျေးဇူးပဲ ဟီး"

သူ့ဘက် မျက်နှာလှည့်လာကာ ရူးကြောင်ကြောင်ပုံစံမျိုးဖြင့် ရယ်ပြသည်။ မျက်နှာမသစ်ရသေးသည့် ကြောင်ချေးရုပ်ကိုကြည့်ကာ စိတ်လေသွားသော်လည်း စက္ကန့်အနည်းငယ်အကြာတွင် လိုက်ပါ ပြုံးလိုက်မိ၏။

ပြိုမလိုလိုမိုး { Completed }Where stories live. Discover now