ပျိုး
အပိုင်း (၂)
#ပျိုး
06010120
“မေမေ…”
“ဘာလဲ…”
“………”
မေမေ က စိတ်ဆိုးနေတဲ့ အသံနဲ့ ပြန်ဖြေတော့ မေလေး စကားပြောဖို့ လန့်သွားသည်။
“မေးနေတယ်လေ…ဘာလဲလို့…”
မေမေ က ထပ်မေးတော့ မေလေး မျက်နှာမော့ပြီး မေမေ့ မျက်နှာကို သေချာ ကြည့်လိုက်သည်။
“မေမေ ဘာလို့ စိတ်ဆိုးနေတာလဲဟင်..”
“နင့်အဖေကြောင့်….နင့်အဖေကြောင့်…ငါ နေ့တိုင်း နေ့တိုင်း စိတ်ပင်ပန်းနေရတာ…”
“ဟင်…ဖေဖေ က ဘာလုပ်လို့လဲ…”
မေလေး နားမလည်လို့ ထပ်မေးလိုက်တော့ မေမေ က နှုတ်ခမ်းကိုက်ပြီး ကြည့်နေသည်။
“မေမြတ်နိုးသူ…”
“……….”
“ကျစ်…ထက်ထက်…ဘယ်မလဲ…လာခေါ်သွားစမ်း…”
“ဟုတ်ကဲ့…”
မေမေ က မေလေး နာမည်ကို ခေါ်ပြီးတော့မှ မမထက် ကို အော်တော့ မေလေး လန့်တုန်သွားပြီး ငိုချင်လာလို့ အခန်းထဲက ထွက်လာခဲ့လိုက်သည်။
“အဟင့်…ဟင့်…”
“တိတ်ပါ…မီးလေးရယ်…မေမေ က စိတ်ဆိုးနေတာ…မီးလေး က သွားရှုပ်တာကိုး..”
“မေမေ က ဘာလို့ စိတ်ဆိုးရတာလဲ…မေလေး အဆင့်လည်း ကောင်းတယ်…စာလည်း ရတယ်…စကားလည်း နားထောင်သားပဲ..”
မေလေး နားမလည်တာတွေကို မမထက်ကို မေးလိုက်တော့ မမထက် က ဟင်းခနဲ့ သက်ပြင်းချပြီး ခေါင်းရမ်းနေသည်။
“ဖေဖေ ကြောင့်တဲ့…ဖေဖေ က ဘာလုပ်လို့လဲဟင်…”
“အကိုကြီး က ဒီအပတ် ပြန်မလာဘူးလေ…အဲဒါကြောင့်..”
“ဖေဖေက အလုပ်လုပ်နေလို့လေ…နောက် အပတ် ပြန်လာမယ်လို့ မေမေ့ကို ဖုန်းဆက်သားပဲ…”
မေလေး ပြောလိုက်တော့ မမထက်က ခေါင်းညိတ်ပြန်သည်။
“လာ…မီးလေး…မမတို့..တူတူဆော့မယ်လေ…အရုပ် အသစ်လေးနဲ့ ဆော့မယ်နော်…”
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...