Part 42

247 27 4
                                    

ပျိုး

အပိုင်း (၄၂)

#ပျိုး

10041221

“သမီး…သူငယ်ချင်းတွေကို နှုတ်ဆက်ဦးမလား…”

သမီး က ခေါင်းရမ်းပြပေမဲ့လည်း သူ့စာသင်ခန်းလေးကို ငေးကြည့်နေလို့ စွမ်းရည် စိတ်မကောင်း ဖြစ်ရပါသည်။

သားကတော့ သူ့အတန်းပိုင် ဆရာမကို သူ ရန်ကုန်မှာ နေတော့မဲ့ အကြောင်းတွေ သေချာ ရှင်းပြနေသည်။

ကျောင်းပြောင်းဖို့အတွက် လိုအပ်တဲ့ စာရွက်စာတမ်းတွေ ရခဲ့ပြီမို့ စကားများနေတဲ့ သားဆီကို သွားရသည်။

“သားရေ…သွားကြမယ်…”

“ဟုတ်…ဆရာမ…တာ့တာ…”

“အေး..သားလေး….စာကြိုးစားကြနော်…”

“ဟုတ်…”

ကလေးတွေက ကျောင်းစိမ်းလေးတွေနဲ့ စာသင်နေကြပေမဲ့ သားနဲ့သမီးကတော့ အပြင်ဝတ်စုံနဲ့ ဖြစ်နေသည်။

ကျောင်းထဲက ထွက်လာပေမဲ့ သားနဲ့သမီး အတွက် စိတ်မကောင်းဖြစ်ကာ သနားနေမိသည်။

သူတို့ ပတ်ဝန်းကျင် သူတို့ကျောင်း  သူတို့သူငယ်ချင်းလေးတွေနဲ့ ခွဲလိုက်သလိုပါပဲ..။

“သမီး စိတ်မကောင်းဖြစ်နေတာ ပါးသိပါတယ်…ကျောင်းပိတ်ရက် လာလည်ရင် သူငယ်ချင်းတွေကို ဖိတ်ပြီး ဆော့ကြမယ်နော်…”

“ဟုတ်…”

“ရေး..”

သမီးက အားတက်သရော ခေါင်းညိတ်လိုက်ပြီး သားက စွမ်းရည် လက်ကို ကိုင်ကာ ခုန်ပြီး ပျော်နေတော့ ပြုံးမိသည်။

ကလေးတွေ သဘာဝအရ အရာရာကို သိပ်မတွေးတက်သေးတာပဲ ကောင်းပါသည်။

စွမ်းရည်ကတော့ ကျောင်းအသစ် ကိစ္စ နေဖို့စားဖို့ သွားဖို့ လာဖို့ ကိစ္စတွေပါ တွေးပူနေရသည်။

အန်တီ့ရဲ့ ဆုံးဖြတ်ချက်က နည်းနည်း အစွန်းရောက်သလို ရှိပေမဲ့လည်း ကလေးတွေ ပျော်နေတာ တွေ့ရတော့လည်း ကျေနပ်ရပါသည်။

ညနေ သွားရမှာမို့ အန်တီ့ဆီက အပြန် အမေ့ဆီ ၀င်နှုတ်ဆက်တော့ အမေ က မျက်နှာ မကောင်းလို့ စိတ်မကောင်း ဖြစ်ရသေးသည်။

ပျိုးWhere stories live. Discover now