Part 29

151 16 0
                                    

ပျိုး

#ပျိုး

အပိုင်း (၂၉)

09020237

“ဆေးလိပ် တစ်ဘူးလောက် ညီမ..”

“ဟုတ်ကဲ့…”

ဆေးလိပ်ဘူး လှည့်ယူရသော်လည်း စိတ်က မသိုးမသန့်မို့ ခပ်မြန်မြန်ပဲ ပြန်လှည့်လိုက်တော့ ဖုန်းထောင်ထားရင်း အိုးတိုးအမ်းတမ်း မျက်နှာထားဖြင့် ဖုန်းကို နားမှာ ကပ်လိုက်သည်။

မေလေး မေးချင် ပြောချင်သော်လည်း အစ်မို့မို့ မျက်နှာနဲ့ အရက်နံ့တွေရနေတော့ အကြောက်တရားကြောင့်သာ နှုတ်ဆိတ်နေလိုက်ရတော့သည်။

“မီးခြစ်လေး တစ်ချက်လောက်..”

“ဟိုဘက်မှာ ချိတ်ထားတယ်…”

“သြော်…ကျေးဇူး..”

မေလေး မေးငေါ့ပြလိုက်ပြီး ပေးတဲ့ ငွေကို ယူကာ ကပျာကယာ အမ်းငွေ ထုတ်ထားလိုက်ရသည်။

ဆေးလိပ် မီးခိုးငွေ့တွေ မွှန်နေပေမဲ့လည်း ပိုက်ဆံကိုတော့ သေချာ ပြန်ပေးနေရသေးသည်။

“အဟမ်း…သြော်..ဆိုင်နာမည်က ပန်းဖြူဆိုတော့…ညီမ နာမည်လား..”

“မဟုတ်ဘူး….ကျွန်မ ယောက်ျား က သူ့သမီး နာမည်ကို ချစ်လို့ ဆိုင်နာမည်ကိုလည်း အဲလို ပေးထားတာ…”

“သြော်…နာမည်က မှတ်မိလွယ်တယ်…သွားလိုက်ဦးမယ်…”

“……”

ကားမောင်းထွက်သွားလို့ မေလေး လည်း အိမ်ဘက်ကို လှည့်ဝင်လာရပေမဲ့ စိတ်ထဲမှာတော့ မသက်သာပါဘူး..။

ကိုယ့်နောက်ကျောကို ဓာတ်ပုံရိုက်ယူသွားမှန်း သိနေတော့ ရှက်လည်း ရှက်သလို ဒေါသလည်း ထွက်ပေမဲ့ ဘာမှမလုပ်နိုင်သည့် အခြေအနေ တစ်ခုပါ..။

မျက်နှာကို စေ့စေ့ကြည့်ရင်တောင် သ၀န်တိုလို့ ဘယ်သူမှ ကြည့်တာ မကြိုက်ဘူးဆိုတဲ့ လူက အခုတော့ ကိုယ့်အကြောင်းတွေကို ခေါင်းထဲတောင် ထည့်မတွေးတော့ဘူး ထင်ပါတယ်..။

ယောက်ျားဆိုတဲ့နာမည်ကို လုံခြုံမှုအတွက် အကြိမ်ကြိမ် သုံးပြရပေမဲ့လည်း  ဘယ်အချိန်မှ ပြန်လာမလဲ ဘာတွေ လုပ်နေလဲ ဆိုတာတောင် မေလေး သိခွင့်မရှိပါဘူး.။

ပျိုးWhere stories live. Discover now