Part 7

184 19 1
                                    

ပျိုး

အပိုင်း(၇)

#ပျိုး

06060806

“မေမေ…မေမေ…”

မမပန် က ကျူရှင် ရောက်လာပြီး ဖေဖေ နဲ့ မေမေ ရန်ဖြစ်နေတယ် လို့ လာပြောတော့ မေလေး လွယ်အိတ်တောင် မယူပဲ ပြန်ပြေးလာခဲ့တာ။

မေလေး ခြံတံခါးကို တွန်းဖွင့်ပြီး ၀င်ပြေးလာရင်း ဖေဖေ့ကားကို တွေ့လိုက်တော့ ရင်တွေ ပိုခုန်သွားသည်။

ဖိနပ်ကို အိမ်ဝ မရောက်ခင်ကတည်းက တစ်ဖက်စီ လွင့်စင်အောင် ချွတ်ခဲ့ပြီး အိမ်ပေါ်ကို ပြေးတက်သွားမိသည်။

“အောက်တန်းစားမ…သောက်ရှက်မရှိတဲ့ ကောင်မ.…”

“ကျွန်မ ရှင့်ကိုေ-ာက်ဂရုနည်းနည်းမှ စိုက်တာ မဟုတ်ဘူး..ကျွန်မ သမီးစိတ်မကောင်းဖြစ်မှာ စိုးလို့သာ လိုက်မသွားတာ...”

“ငါ…”

“မလုပ်ပါနဲ့…မလုပ်ပါနဲ့…မေမေ့ကို မလုပ်ပါနဲ့တော့…”

မေလေး အခန်းထဲကို ရောက်တော့ ခုတင်ဘေးမှာ ဆံပင်ဖွာလန်ကြဲပြီး ထိုင်လျက်သား ငိုနေတဲ့ မေမေ နဲ့ ခြေထောက် တရွယ်ရွယ် ဖြစ်နေတဲ့ ဖေဖေ့ကို တွေ့ရသည်။

မေလေး ဘာကိုမှ ဂရုမစိုက်ပဲ ၀င်ပြေးပြီး မေမေ့ ရှေ့မှာ ပြေးထိုင်လိုက်ကာ ဖေဖေ့ခြေထောက်ကို တွန်းဖယ်ထားမိသည်။

“မေလေး…နင့် အမေ ဘာလုပ်နေလဲ…နင်သိလားဟမ်…နင့်အမေ အောက်တန်းစားမ ဘာတွေလုပ်နေလဲ…နင်သိလားလို့…တောက်…ငါ့ သမီးကို နင့်လို မိန်းမနဲ့ ထားရင် ဘ၀ က မတွေးရဲစရာပဲ…နင့်ဟာနင် ဖြစ်ချင်ရာဖြစ် ငါ့သမီး ကို ငါ ခေါ်သွားမယ်…”

ဖေဖေ က မေလေး လက်ကို ဆောင့်ဆွဲခေါ်တော့ မေမေ ကလည်း လဲကျနေရာက ထရပ်ပြီး မေလေးကို ပြန်ဆွဲထားသည်။

“ဟင်း..ဟင်း..ရှင့်သမီးတဲ့ ဟုတ်လား…ကျွန်မ နဲ့ ထားရင် အောက်တန်းစား ဖြစ်မှာစိုးလို့ မယားကြီး အိမ်မှာ ကျွန်မ သမီးကို ကျွန်ခံခိုင်းမယ် ဟုတ်လား…သေတောင် ထည့်မပေးနိုင်ဘူး…-ာခံပြီးပဲ ဖြစ်ဖြစ် ကျွန်မ သမီးကို ကျွန်မ လူတန်းစေ့ထားနိုင်အောင် မွေးမယ်…”

ပျိုးWhere stories live. Discover now