ပျိုး
အပိုင်း (၂၁)
#ပျိုး
08140631
“အမလေး….မိုက်လိုက်တာ…ရူးများနေလား…မေမြတ်နိုးသူရယ်…နင့်လောက် မိုက်တဲ့ မိန်းမ ငါဖြင့် မမြင်ဖူးဘူး…အိမ်ပိုင်ယာပိုင် တိုက်နဲ့ကားနဲ့ အခိုင်းအစေနဲ့ ဇိမ်ရှိရှိနေရလို့ဆိုရင်တော့ ထားပါအေ…ခုက ကြည့်စမ်း…နှစ်ယောက်ပေါင်းရှာနေတာတောင် လေးသိန်းရတာ ကလေးစရိတ်တောင် မကာမိတာ ကို ကလေးထပ်ယူရတယ်လို့…”
“……….”
မေလေး ပြန်ပြောချင်ပေမဲ့လည်း ကိုယ့်ကို မွေးထားတဲ့ အမေ ဖြစ်နေတော့ နှုတ်ဆိတ်နေလိုက်ရသည်။
ကိုယ်ဝန်က ပေါ်လာပြီမို့ ပင်ပန်းတာ က တမျိုး..။
ယောက်ျား က ထားသွားတော့မလား စိတ်ပူရတာ က တမျိုး..။
အေးစက်နေတဲ့ အိမ်ထောင်ရေးကို စိတ်ဆင်းရဲရတာ က တမျိုး.။
ခအမေ ဖြစ်သူ က အိမ်ကို ရောက်လာပြီး စကားလုံးတွေနဲ့ သတ်နေပြန်ပါပြီ..။
“မို့…”
“ကြည့်စမ်း..မွေးထားတာ သမီးမိန်းကလေး..လှလှပပ ကောင်းကောင်းမွန်မွန် မထားနိုင်ပဲ နောက်တစ်ယောက် ထပ်ယူဦးမယ်..ပေစုတ်နေတာပဲ..ငါ့အိမ်က အလုပ်သမား ကလေးနဲ့ ဘာမှမခြားဘူး …”
“အဲလိုတော့ မပြောပါနဲ့ မေမေရယ်….မေလေး မနက်က ရေချိုးပေးထားတာ ပြန်ဆော့လို့ ပေထူးနေတာပါ…”
သမီး က အဆော့သန်တော့ ရေချိုး အ၀တ်အစားလဲပေးပြီး ခဏကြာတာနဲ့ ပြန်ပေကုန်တာပဲလေ..။
မေလေး ပြောလည်းပြော စိတ်မကောင်းလည်း ဖြစ်ကာ မျက်ရည်စို့လာရင်း သမီးလက်ကို ဆွဲပြီး မျက်နှာကို ရေစို တစ်ရှူးဖြင့် သုတ်ပေးလိုက်ရသည်။
“ဟင်း…တစ်ခေါက်လာ တစ်ခါ စိတ်ဆင်းရဲရတယ်…နင့်မယ်တော်က ဒီတိုင်း ကြည့်နေတာပဲလား..ဘာမှမပေးဘူးလား..”
“ဘာပေးရမှာလဲ…လခပေးထားတယ်လေ..”
မေလေးလည်း မေမေ့ရဲ့ အစောင်းအမြောင်း စကားတွေကို စိတ်မရှည်တော့လို့ ပြန်၍ မေးခွန်းထုတ်လိုက်မိသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...