Part 27

142 18 3
                                    

ပျိုး

အပိုင်း (၂၇)

#ပျိုး

08310228

“ကဲ…မပြောဘူးလား…ဥစ္စာမှန်ရင် မပျောက်ပါဘူးဆို…ချွေးနဲစာ စစ်စစ်ဆိုတော့ ထိုက်တဲ့သူ လက်ထဲပဲ ပြန်ရောက်တာပဲ မမွန်ရေ…”

“အမလေး….ကျွန်မဖြင့် ညတုန်းက အိပ်တောင် မပျော်ဘူး…သမီး ငိုနေတော့ စိတ်လည်း မကောင်းဘူး…ကိုယ်က ၀ယ်ပေးရင်တောင် သူက နမျောပြီး စိတ်မကောင်း ဖြစ်နေဦးမှာ သိတော့ ပြန်တွေ့ပါစေ ဆုတောင်းရတာ အမော…မနက် စောစော လူသွား လူလာ သိပ်မရှိသေးလို့ ပြန်တွေ့တာ…”

“ဟုတ်မယ်….မမွန် က လုံလ ဝီရိယ တယ်ကောင်းတာကိုး..ကျော့လို မျက်မှန်သမားကတော့ ရှေ့မှာထားတောင် ပျောက်ရင် ပျောက်နေတာ…”

အန်တီကျော့ရဲ့ အသံစာစာ ကြောင့် နိုးလာရပေမဲ့လည်း မေလေး ခေါင်းက မကြည်မလင် ဖြစ်နေဆဲပင်..။

လူကြီးတွေတောင် နိုးနေပြီဆိုတော့ ညတုန်းက ညနက်မှ အိပ်ပျော်သော်လည်း အိပ်ရာက ထခဲ့ရတော့သည်။

အိမ်ရှေ့ခန်းမှာ အိပ်ရာတွေ ဘာတွေတောင် သိမ်းထားပြီးပြီမို့ မေလေး မျက်လုံးပြူးရင်း နာရီ ကြည့်မိတာ ခြောက်နာရီခွဲကျော်လောက်ပဲ ရှိသေးသည်။

“ဟော…နိုးပြီလား..သမီး…”

“ဒီမှာ..နင့်ယောက္ခမ က မနက်စောစော လိုက်ရှာတာ..ပြန်တွေ့ပြီ..”

“ဟင်..”

အန်တီကျော့ လက်ထဲမှာ မြှောက်ပြနေတဲ့ ရွှေဆွဲကြိုး ကို တွေ့တော့ မေလေး မျက်လုံးအစုံ ပြူးကျယ်သွားရသည်။

ခြေလှမ်းမြန်မြန်ဖြင့် အနားကို သွားရင်း ရင်တွေ ခုန်လာသည်။

မဖြစ်နိုင်ပါဘူး..။

အန်တီကျော့နဲ့ သူ့အမေ က ရွှေအသစ် လုပ်ပေးပြီး နှစ်သိမ့်တာပဲ နေမှာပဲ..။

မေလေး က မယုံနိုင်သလို  အူကြောင်ကြောင် ရုပ် ဖြစ်နေပေမဲ့လည်း အန်တီကျော့က ဆွဲကြိုးကို လက်ထဲ ထည့်ပေးသည်။

“ကြားထဲက ကလေးတွေ သနားဖို့ကောင်းတယ်…နောက်ဆို ကလေးတွေကို အပြစ်တင်တာ လျော့စမ်းပါ…ဒေါသထွက်တိုင်း ရိုက်နေတာ တဖြည်းဖြည်း ဆုံးမ တာနဲ့ မတူတော့ဘူး...”

ပျိုးWhere stories live. Discover now