ပျိုး
အပိုင်း (၂၈)
#ပျိုး
09010343
“ပန်းဖြူ….”
မေလေး သိမ်းထားတဲ့ မုန့်ဘူးကို ရှေ့ချပြီး နှစ်ယောက်သား စားနေကြတာ တစ်ဘူးလုံးကုန်တော့မည်..။
မေလေး အော်လည်း အော် လက်မောင်းကိုလည်း ဆွဲထူပြီး နှစ်ချက်လောက် ရိုက်ပစ်လိုက်သည်။
“အီး….ကြောက်ပါပြီ…”
“အဲဒါတွေ ကျောင်းသွားရင် စားဖို့ဝယ်ထားတာ…အခုကုန်ပြီ…မနက်ဖြန် ဘာစားမလဲ….ဘာစားမလဲလို့…”
“အီး…”
မေလေး ရိုက်ရင်း မေးပေမဲ့လည်း ပန်းဖြူတို့ ထုံးစံအတိုင်း အာဗြဲငိုဖို့လောက်ပဲ တက်သည်။
ဘယ်ပစ္စည်း ဘယ်မှာပဲ ဖွက်ဖွက် ပန်းဖြူမ မသိတာ မတွေ့တာ မရှိဘူး..။
သူတို့ ဆာရင် စားလို့ရအောင် ချိတ်ပေးထားတဲ့ ငှက်ပျောသီးကို ဘယ်တော့မှ ယူမစားဘူး..။
အန်တီ ပို့ပေးတဲ့ မုန့်အကောင်းစားတို့ မေလေး ၀ယ်ထားတဲ့ မုန့်အကောင်းစားတို့ကို ဖွက်ထားမိရင်တော့ တွေ့အောင် ရှာပြီး ကုန်အောင် စားသည်..။
ကျောင်းသွားရင် လူမြင်ကောင်းအောင်နဲ့ အာဟာရ ရှိပါစေဆိုပြီး အမေက မုန့်ဘူးသိမ်းထားတယ် ဒင်းတို့ နှစ်ကောင်က တွေ့အောင် ရှာစားထားပြီ..။
မေလေး မုန့်ဘူးကို ကောက်သိမ်းရင်း သက်ပြင်းတစ်ချက် ချလိုက်မိသည်။
“ဟင်…ဇာနည်ကော..”
“ဟင့်..ဟင့်…ထွက်ပြေးပီ…”
မေလေး မုန့်ဘူးသိမ်းရုံ ရှိသေးတယ် နောက်ကို လှည့်ကြည့်တာနဲ့ ဇာနည်တို့ ပျောက်သွားပြီ..။
မုန့်စားရင်သာ အတူတူ အနာခံရတော့မဲ့ အရေးမြင်ရင်တော့ ပြေးပြီ…။
“မျက်ရည်သုတ်…ဘီဒိုနောက်အထိ ၀င်မွှေတာ…အကျီ င်္တွေ အကုန်ပြန်ကောက်သိမ်း..”
“အုတ်…”
သမီးက မျက်ရည်သုတ်ပြီး အ၀တ်တွေ ပြန်သိမ်းပေမဲ့လည်း မေလေးပဲ သေချာ ပြန်စီရတာပါပဲ..။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...