Part 45

224 26 3
                                    

ပျိုး

အပိုင်း (၄၅)

#ပျိုး

10060300

“ပူလိုက္တာ…”

စွမ်းရည် လှေကားတွေကို တက်ရင်း ညီးတွားမိကာ လက်ထဲက ရေခဲတွေကို ငုံ့ကြည့်မိသည်။

သားနဲ့သမီး ကျောင်းပိတ်ရက်မို့ နေ့ခင်းပိုင်း ဖျော်ရည် အေးအေးလေး ဖျော်တိုက်ချင်တာ..။

ရေခဲသေတ္တာ မ၀ယ်ရသေးတော့ လိုအပ်တိုင်း ရေခဲ ဆင်းဝယ်ရသည်။

ရေခဲသေတ္တာ အသေးလေး တစ်လုံးလောက်တော့ ၀ယ်နိုင်တယ်ဆိုပေမဲ့ မီးဖိုခန်းမှာ နေရာက မရှိ..။

ဧည့်ခန်းမှာ ချထားလိုက်ရင်လည်း သားနဲ့သမီး စာကျက်ဖို့နေရာ အ၀တ်ဘီဒိုတစ်ခုနဲ့ ပြည့်နေပြီ..။

မြတ်နိုးကတော့ ပစ္စည်း အပိုတွေ မ၀ယ်ပဲ အခန်းတစ်ခန်း ၀ယ်နေနိုင်တဲ့အထိ ပိုက်ဆံစုဖို့သာ ပြောသည်။

စွမ်းရည်လည်း ခုလို အနေအထားထိ ပံပိုးပေးပြီးကာမှ အခန်းပါ အလကားပေးထားရသည့် အန်တီ့ကို အားနာ မျက်နှာပူရပါသည်။

အခုချိန်ထိ အထောက်အပံ့ မကင်းတာ တော့ ကိုယ့်ရဲ့ အသုံးမကျမှုတွေပါပဲ..။

ခရီးဝေး အမြဲတမ်းသွားရမှာဆိုပြီး ကားဝယ်မိပြီးကာမှ ပြန်ရောင်းရင်လည်း အရှုံးဘက်ပြနေတော့ နမျောပြီး ငွေအမြုပ်ခံ စီးနေရသည်။

အခန်းကကျဉ်းပေမဲ့လည်း အခုလို မိသားစုလိုက် အဆင်ပြေပြေလေး နေလို့ရတာပဲ တော်သေးသည်။

ဘေးပတ်ဝန်းကျင်ကလည်း လူလည်းသန့်သလို စိတ်လည်းချရသည်..။

စွမ်းရည် လှေကားတက်နေရင်း အပေါ်က သားအမိ နှစ်ယောက် အိုးတွေခွက်တွေ သယ်ပြီး ဆင်းလာလို့ ပြုံးပြကာ လမ်းဖယ်ပေးလိုက်သည်။

ဒီတိုက်က လူတွေကတော့ မိသားစုလိုက် ရုန်းကန်နေရတာချည်းပါပဲ..။

ကိုယ်ကမှ အလုပ်အကိုင်ကောင်းလို့ အဆင်ပြေတယ်ဆိုရုံနေလို့ရတာကိုပဲ ကျေနပ်ရမည့် အခြေအနေ..။

“အီး..မာမား က သိလည်း သိပဲနဲ့..”

“ခံအော်တယ်..ဟုတ်လား…”

ပျိုးWhere stories live. Discover now