Part 41

256 33 5
                                    

ပျိုး

အပိုင်း (၄၁)

#ပျိုး

10030257

“ငွေရှင်းပေးလိုက်မယ်လေ…”

“ရတယ်…ရတယ်…အေးဆေးပေါ့…ပြောရမဲ့ လူတွေမှ မဟုတ်တာပဲ…”

“ကျွန်မ  အားနာလို့ပါ…”

“အစ်ကို တနေရာသွားစရာ ရှိလို့…အပြန်မှ ၀င်ယူမယ်လေ…ငွေတွေသယ်မသွားချင်လို့…”

“သြော်..ဟုတ်ကဲ့..အချိန်မရွေး လာယူလို့ ရတယ်နော်…ကလေးမလေး ကို ပြောထားတယ်…အစ်ကို…”

“မသိရင် နှင်နေတာကျနေတာပဲကွာ…”

“အဲလို မဟုတ်ပါဘူး…အားနာလို့ပါ အဟင်း..”

“ကဲ…သွားမယ်…”

“ဟုတ်ကဲ့…”

“မြတ်နိုး…”

“ဟင်…”

ဆိုင်ကယ်မောင်းထွက်သွားတော့မှ စွမ်းရည် မျက်မှောင်ကြုတ်ရင်း ဆိုင်ထဲ ၀င်သွားတော့ ပြုံးလက်စဖြင့် လှည့်ကြည့်တာ ရင်ထဲ မီးတောက်သွားရသည်။

“ဘာဖြစ်နေတာလဲ…”

“ဟင်…”

“ဘာလို့ အဲလောက် သွားဖြဲရယ်ပြနေတာလဲ မေးနေတာ…”

“ဟမ်…”

စွမ်းရည်ကို နားမလည်သလို မျက်ခုံးတွန့်ရင်း ဟမ်နေတော့ လက်မောင်းကို ဆွဲပြီး အနားကို ကပ်ခိုင်းလိုက်ရသည်။

“အဲ့ကောင် ဘယ်သူလဲ…”

“ပစ္စည်းလာရောင်းတဲ့လူလေ…”

“တောက်…ငါ မကြိုက်ပါဘူးကွာ…လုံးဝ ကို မကြိုက်တာ…”

“ဘာကိုလဲ…”

“အဲလို ပြုံးရယ်ပြီး ယောက်ျားတွေကို စကားပြောနေတာကို မကြိုက်တာ…ကားသမားကို ဈေးေ၇ာင်းလည်း ဒီလိုပဲ ပဲသမားလာလည်း ဒီလိုပဲ ပစ္စည်းပို့တဲ့ကောင်လည်း ဒီလိုပဲ…”

စွမ်းရည် ဒေါသကြောင့် အသံမြှင့်ကာ ပြောလိုက်တော့ လူကို ရန်သူလို စူးစိုက်ကြည့်နေတာ ရင်နာရသည်။

ကလေး နှစ်ယောက် အမေ ဆိုပေမဲ့လည်း အသက်က ငယ်သလို အလှကလည်း မပျက်ဘူး..။

ပျိုးМесто, где живут истории. Откройте их для себя