ပျိုး
အပိုင်း(၅၀)
#ပျိုး
11170636
“မောင်လေးတို့ လိုက်လို့ အဆင်ပြေပါ့မလား…”
“ရပါတယ်…မကြီးတို့ကလည်း ရောက်တုန်းရောက်ခိုက်လေး..နေပါဦးလား…”
“မဖြစ်ပါဘူးဟယ်…သူတို့က အလုပ်ကိစ္စနဲ့ လာလို့သာ လမ်းကြုံလို့ လိုက်လာရတာ…ကလေးတွေကလည်း လိုက်ချင်လို့လေ…”
“လေးကျော်…သားတို့ကို ကစားကွင်းပို့ပေးမှာလား…”
“ပို့ပေးမှာပေါ့…လောလောဆယ်..ဗိုက်ဆာနေကြပြီမလား..ထမင်းအရင် သွားစားရအောင်နော်…”
“ရေး…ကောင်းတယ်…ကောင်းတယ်…”
စွမ်းရည် ချီထားတဲ့သားကပါ လက်မြှောက်ပြီး ပျော်နေသလို တူတွေ တူမတွေ အကုန်လုံး ခုန်ပေါက်နေတော့ ပြုံးမိသည်။
အခန်းကျဉ်းလေးထဲကို တူတူမ အကုန်လုံး ရောက်လာတော့ စွမ်းရည် အားနာတာနဲ့ အပြင်ကိုပဲ ခေါ်ထုတ်လာခဲ့ရသည်။
ကိုယ့်ကားနဲ့ ဒီလို ကလေးတစ်အုပ်လုံး မဆန့်တော့ ကားတစ်စီးလည်း မြန်မြန် ငှားလိုက်ရသည်။
“သမီးလေး…အန်တီမေ ကို ကိုင်ထားနော်…”
“ဟုတ်…”
မြတ်နိုး က သမီး နဲ့ ကိုကြီး သမီးကို လက်တွဲပြီး လျှောက်ရင်း ပြောနေတော့ စွမ်းရည် လှည့်ကြည့်မိသည်။
“အန်တီမေ က အရမ်းချောသွားတယ်…”
မကြီး သမီးလေး က လည်း ပြောတော့ မြတ်နိုးတော့ မြှောက်ကြွနေပြီ ထင်ပါတယ်..။
“ဟုတ်ပ….ငါ့ညီမလည်း တော်တော် ရုပ်ပြောင်းသွားတယ်…”
“ဟုတ်လား..မကြီး..မေလေး ဝိတ်ချလိုက်တာလေ…”
“အဲဒါကြောင့်နေမယ်..လူပါနုသွားတယ်…ငါလည်း ချဦးမှပါ…”
“မကြီး ဝိတ်ချချင်ရင် ထမင်း မစားပဲ နေနိုင်လို့လား…”
“အေး..အဲဒါတော့ မနေနိုင်ဘူးဟယ်…”
“ဟား..ဟား…”
စွမ်းရည်တို့ တစ်ယောက်ကို ကလေး နှစ်ယောက် တွဲနဲ့ လျှောက်နေကြရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...