ပျိုး
အပိုင်း (၁၄)
#ပျိုး
06120705
"တစ်ပတ်လောက် နေမယ်..."
"လွမ်းနေတော့မှာပဲ...ပြန်လာမဲ့အချိန် ဖုန်းဆက်နော်...လာကြိုမယ်..."
"အင်း..ဒါပဲနော်..."
"ဂရုစိုက်နော်..."
"အင်း..."
မေလေး စကားဖြတ်လိုက်ကာ ဖုန်းချလိုက်ပေမဲ့လည်း စိတ်ထဲမှာ မွန်းကြပ်၍ ပူပင်နေရသည်။
မြတ်သောပန်းကို ဖုန်းဆက်လိုက်ရင် ကောင်းမလား..။
မေမေ နေမကောင်းလို့ ခဏသွားတွေ့မယ် ပြောပြီး ပြန်လာခဲ့တာ...။
ခုချိန်မှ ဖုန်းဆက်ရင်လည်း အထင်ထပ်လွဲဦးမှာပဲ..။
မေလေး သက်ပြင်းချလိုက်ကာ ကားရဲ့ ထိုင်ခုံကို ခေါင်းမှီလိုက်သည်။
မျက်လုံးတွေ မှိတ်လိုက်ပေမဲ့လည်း စိတ်တွေ ပင်ပန်းလွန်းပါသည်။
မေမေ က မေလေး အတွက် စိတ်ပင်ပန်း စေတဲ့ အကြောင်းခံများလား..။
ဖုန်းပြောပြီးတိုင်း မေလေး မှာ တစ်ခု မဟုတ် တစ်ခု ခံစားနေရတာပါပဲ..။
"သမီး အဖေ နေမကောင်းဘူး..အခြေအနေ မကောင်းဘူးကြားတယ်...မေမေ လည်း မြို့ကို ပြန်ရောက်နေတယ်...မသက်ဆိုင်တော့ပေမဲ့ သမီးက သူ့သမီး အရင်းဆိုတော့ ရသင့်ရထိုက်တာ ရဖို့ အတွက် ကြိုးစားရမှာပဲ...သမီးလည်း ချက်ချင်း ပြန်လာခဲ့...ကျောင်းက တစ်နှစ်ကျလည်း ဘာမှ မဖြစ်ဘူး..ခုချိန်က အရေးကြီးဆုံးပဲ..."
မေမေ က ပြောချင်ရာ ပြော ညွန်ကြားချင်သလို ညွန်ကြား ခဲ့သည်။
ဖေဖေ ဆေးရုံတက် နေရတာ မေလေးကော မြတ်သောပန်းကော သိပြီးသားပါ..။
ဖေဖေ့အခြေအနေက စိုးရိမ်ရလို့ မြတ်သောပန်း စာမေးပွဲပြီးတာနဲ့ ပြန်လာဖို့လည်း အန်တီက ပြောထားပြီးသားပါ..။
မေလေး မှာ ဖေဖေ့ကို စိတ်ပူပြီး စိတ်ပင်ပန်းနေရချိန် မေမေ က ပြဿနာ တစ်ခု လုပ်ပြန်ပြီ...။
ဖေဖေ့ဆီကို ရောက်သွားမဲ့ မေမေ့အခြေအနေနဲ့ အန်တီတို့အကြောင်းတွေးမိပြီး ညတုန်းက အိပ်မပျော်နိုင်အောင် ဖြစ်ရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...