Part 34

248 30 1
                                    

ပျိုး

အပိုင်း (၃၄)

#ပျိုး

09061130

“သား…အန်တီ့ကို ဒါလေးတွေ အပ်ထားချင်လို့ပါ…”

သားနဲ့သမီးက ခပ်လှမ်းလှမ်းမှာ တီဗွီ ထိုင်ကြည့်နေတုန်း စွမ်းရည် ယူလာတဲ့ အိတ်ကို ရှေ့ကို လှမ်းပေးလိုက်သည်။

အန်တီက ချက်ချင်း ဆွဲယူပြီး ထုတ်ကြည့်ကာ ဘူးအနီခပ်ပြားပြားလေးကို ဖွင့်ကြည့်လိုက်ရင်း မျက်ခုံးပင့်သည်။

“ဘာအတွက်လဲ…သားငယ်…”

“သား…သား..အိမ်ပြန်ရောက်ရင်…သူ့ကို ပေးချင်လို့ ကြိုမှာထားခဲ့တာ…အခုရလာလို့…”

စွမ်းရည် ရင်ထဲ မွန်းကြပ်သလို စကားလုံးတွေက ရင်ကို ဓားနဲ့မွှန်းပြီးမှ ထွက်လာရသလိုပါပဲ..။

ကိုယ် စီစဉ်ထားသလို တစ်ခုမှ ဖြစ်မလာခဲ့ဘူးလေ..။

“သားငယ်ကို ငါ ပြောဖူးပါတယ်…မေလေး ဘ၀က တခြားသူတွေနဲ့ မတူဘူး…သူလိုနေတာ ဒီစိန်တွေ ရွှေတွေ မဟုတ်ဘူး..မေတ္တာတရားပါ…”

“…….”

စွမ်းရည် ဘာမှ မပြောပဲ မျက်လွှာချထားရင်း ငြိမ်သက်နေမိသည်။

“သားငယ် သူတို့အပေါ်ထားတဲ့ စေတနာတွေ မေတ္တာတွေကို ငါ နားလည်ပါတယ်….သားငယ် ဘ၀ တစ်လျှောက်လုံး အမေ တစ်ယောက်တည်း ရုန်းကန်ပြီး ပြုစုပျိုးထောင်လာခဲ့ရတာတော့ ဘယ်လောက်ပင်ပန်း နာကျင်ရလည်း  မပြည့်မစုံနဲ့ ဘယ်လို မျက်နှာငယ်ရခဲ့ရလည်း ဆိုတာ သားငယ် သိလို့ သားငယ် ကလေးတွေကို အဲလို မဖြစ်စေချင်လို့ အဝေးမှာ ပင်ပန်း ဒုက္ခခံ ကြိုးစားခဲ့ရတာလည်း သိတယ်..”

အန်တီက စွမ်းရည် စိတ်ကို ဖောက်ထွင်းမြင်သလို သိနေတော့ မျက်လွှာချထားပေမဲ့လည်း မျက်ရည်က စို့တက်လာသည်။

“မေလေး…ခုကိစ္စ ငါ အသုံးမကျလို့ ဖြစ်ရတာပါ…သူက ငါ့သမီးဆိုပေမဲ့ အရင်း မဟုတ်တော့ အမေ တစ်ယောက်လို တစ်ချက်အမိန့်အာဏာသုံးပြီး ငါ့အိမ်မှာ လာနေရမယ်လို့ ဆုံးဖြတ်ပေးလို့မရခဲ့ဘူး..အဝေးမှာ ထားရတယ်…ဖုန်းက ပြောပြော အပြင်ကပြောပြော အိမ်ထောင်ရှင်မ တစ်ယောက် အနေနဲ့ မှားယွင်းတဲ့ ခြေလှမ်းဖြစ်လို့ ငါ သားငယ်ကို တောင်းပန်ပါတယ်..ငါ ဆုံးမမှု ညံ့ခဲ့လို့ပါ…”

ပျိုးWhere stories live. Discover now