Part 57 Final

758 37 6
                                    

ပျိုး

အပိုင်း (၅၇) ဇာတ်သိမ်း

#ပျိုး

“ဇာနည်ရေ…တာ့တာ…နောက်တစ်ခေါက်လည်း လာဦး…”

“အင်း..လာမေ…”

“ငါလည်း မွေးနေ့ကျ ပြန်လာမယ်..”

“ပန်းဖြူ..မုန့်တွေလည်း ယူခဲ့ဦးနော်…”

“အေး…ယူခဲ့မယ်ဟေ့…”

သမီးက ပါးစပ်ကို လက်နဲ့ကာပြီး ပြန်အော်တော့ မေလေး ပြုံးရင်း သမီးပခုံးလေးကို ဖက်ကာ ပြန်ခေါ်ခဲ့ရသည်။

သားရဲ့ မွေးနေ့မှာ အရင်ကျောင်းအဟောင်းလေးက ကလေးတွေကို စာရေးကရိယာတွေ နဲ့ ကိတ်မုန့်နဲ့ အချိုရည် ဝေဖြစ်ခဲ့သည်။

“သား က ဒီမှာ မွေးနေ့လုပ်ရတာ ကြိုက်လား..ဟိုကျောင်းမှာ မွေးနေ့လုပ်ရတာ ကြိုက်လား…”

စွမ်းက သားလက်ကို  ကိုင်ထားရင်း မေးတော့ မေလေးလည်း သား ဘာပြောမလဲ သိချင်မိသည်။

“ဒီမှာလုပ်တာ…”

“ဖြူဖြူ့ မွေးနေ့လည်း ဒီမှာ ခုလို မုန့်စားကြမယ်နော်…”

“သမီးကျောင်းမှာ မလုပ်ချင်ဘူးလား သမီးရဲ့…”

“ဟင့်အင်း..သူတို့က သူဌေးတွေ...အဲလို ကိတ်မုန့်တွေဆို မစားချင်ဘူး…ဒီက သူငယ်ချင်းတွေက ဖြူဖြူ တို့ဝယ်လာတဲ့ ကိတ်မုန့်ကို ကြိုက်တယ်တဲ့…နောက်လည်း လာကျွေးပါဦးတဲ့…မေမေကြီး ပြောတာ သူငယ်ချင်းကို မုန့်ကျွေးရင် ဗိုက်ဆာနေတဲ့ သူငယ်ချင်းကို မုန့်ကျွေးတာ ပိုကောင်းတယ်တဲ့…သူတို့နဲ့  မုန့်တူတူစားပြီး ဆော့ရတာ ဖြူဖြူလည်း ပျော်တယ်…သူတို့ကို ဖြူဖြူ ပိုခင်တာ…”

“ဟား…ဟား…ဟုတ်ပါတယ်…ဟုတ်ပါတယ်…ဗိုက်ဆာနေတဲ့ သူငယ်ချင်းတွေကို သမီးမွေးနေ့ကျရင် ကြက်ကြော်ကျွေးမယ်ကွာ…"

"ရေး……"

"နီ လည်း ဒီမှာပဲ မုန့်ကျွေးဦးမှာနော်…"

"ဟုတ်ပါပြီ…ဘွားဘွားအိမ် မှာ ပွဲထပ်လုပ်ရဦးမှာ…နေပူတယ်..မြန်မြန်လာ…”

“အို….”

စွမ်းက ပြောပြီး မေလေး အနားကို ကပ်လာကာ သူ့ရှပ်အကျီ င်္ကို ဆွဲချွတ်၍ သားနဲ့သမီးကော မေလေးကော အရိပ်ရအောင် လက်မြှောက်၍  မိုးပေးတော့ မျက်စောင်းထိုးမိသည်။

ပျိုးWhere stories live. Discover now