ပျိုး
အပိုင်း (၅၂)
#ပျိုး
11170653
“ဟေ့..မြတ်ပန်း..ကလေးတွေ နေပူတယ်..တော်ပြီဟ…”
“အကို သွားခေါ်ပေးမယ်…”
“သူ မကြားချင်ယောင်ဆောင်နေလို့ တမင်အော်နေတာ…”
“အဟွင်း..”
သားနဲ့သမီးက သူ့အန်တီလေးကို အရမ်းတွယ်ကပ်နေတော့ မေလေးတို့လည်း သက်သာသည်ပေါ့လေ..။
စွမ်း က လှမ်းခေါ်ပေမဲ့ မြတ်သောကတော့ ကလေး နှစ်ယောက်ကို လက်ဆွဲကာ သွားနေတုန်းပါပဲ..။
ကိုဝေယံက ပြုံးပြီး သူ့မိန်းမကို ကြည့်နေပေမဲ့လည်း မေလေး မှာတော့ အကုန်လုံးကို မျက်နှာချင်းဆိုင်ဖို့ ခက်နေသလို အခုလို ဝိုင်းထိုင်နေရတာပဲ ရှက်သလိုလို ဖြစ်နေသည်။
သူ့ကို ချစ်လို့သာ အလိုလိုက်ရတာ စိတ်က အဆင်မပြေရင် ရင်ခုန်ရတာလည်း အဆင်မပြေပါဘူး..။
“အကိုတို့…နိုင်ငံခြားကို ထွက်ဖို့ရှိတယ်ဆို…ဘယ်တော့လဲ…”
“နောက်လကုန်ပိုင်းတော့ မြတ် အလုပ်ကိစ္စ ရှိလို့သွားဦးမယ်တဲ့…အကို ကတော့ ဟိုမှာလည်း ဘာမှ လုပ်စရာမရှိလို့ ဒီမှာပဲ အိမ်စောင့် ကျန်ခဲ့ရမယ်တဲ့…အဟွင်း"
"ဘာလို့ကျန်ခဲ့မှာလဲ…အကိုလည်း လိုက်သွားလေ…အလုပ်တူတူလုပ်လို့လည်း ရတာပဲမလား……"
"နှစ်ယောက်အတူ အခြေချပြီး ပြောင်းနေဖို့ကတော့ အကို က မြတ်လို ဘာသာစကား မကျွမ်းဘူး…ပြီးတော့..အဲ့ဘက်ပိုင်းမှာ သိပ်မနေချင်ဘူး...ဥရောပ ဘက်က ရာသီဥတုနဲ့ လူနေမှု ပုံစံကို ပိုကြိုက်တယ်..မြတ်နဲ့ တိုင်ပင်နေတုန်းဆိုတော့ ဘယ်မှာ အခြေချမယ်ဆိုတာ ဆုံးဖြတ်ဖို့ နည်းနည်း ကြာဦးမယ် ထင်တယ်…မြတ်ကတော့ ဘယ်မှာပဲ နေနေ နိုင်ငံသား အပြီး လုပ်ချင်နေတာ…အကိုကတော့ မလုပ်စေချင်ဘူး…ဒီမှာ အမေတွေ မောင်နှမတွေ ရှိတာပဲလေ…”
“ဟုတ်တယ်…မြတ်သောကလေ…အရမ်းအေးစက်တာပဲ…မေကြီးသိရင် စိတ်ကောင်းမှာ မဟုတ်ဘူး..”
သားသမီး အရင်း သုံးယောက်စလုံး အဝေးကို ထွက်ဖို့ပဲ စီစဉ်နေတာ မေကြီး အတွက် စိတ်မကောင်း ဖြစ်ရသည်။
YOU ARE READING
ပျိုး
Romance"မယုံသလို ဖြစ်နေတာ ငါ တကယ် မကြိုက်ဘူး.....ငါ့တစ်ဘ၀လုံး နင်တစ်ယောက်တည်းကိုပဲ ချစ်မယ်လို့ သစ္စာဆိုရဲတယ်..နင့်ဆီ ကလည်း သစ္စာ တစ်ခုတည်းကိုပဲ လိုအပ်တာလို့ ပြောခဲ့သားပဲ...တစ်ဘ၀စာ တစ်ယောက်တည်း ရည်ရွယ်ပြီးမှ နှလုံးသား သန့်သန့်နဲ့ ချစ်တယ်လို့ ဖွင့်ပြောခဲ့တာ...