Part 19

189 17 0
                                    

ပျိုး

အပိုင်း (၁၉)

#ပျိုး

08130658

“အင့်…သူ ထွက်သွားရင်..တစ်ယောက်တည်း ကျန်ခဲ့မှာပဲ တွေးကြောက်နေလို့ပါ....”

“အေးပါ…အမေ နားလည်တယ်…ဒီလို အခြေအနေမှာ စိတ်က အားငယ်တက်တာ…အမေ သိပါတယ်…လင်နဲ့မယားပဲ…ရန်ဖြစ်တာ မဆန်းပါဘူး…အမေ ခေါ်ခိုင်းထားတယ်…ရောက်ရင် ဆူမယ်နော်…”

“………”

မေလေး အပေါ်ထပ် ၀တ်လာတဲ့ အနွေးထည်ပါးလေးကို ခပ်ဖွဖွ ကိုင်ထားရင်း စိတ်မကောင်းဖြစ်မိသည်။

ဘယ်လောက်ပဲ ရုန်းထွက်ပါစေ..။

မေလေး က မေမေ့ရဲ့ သမီးမို့လို့များလား မေမေရယ်..။

မြတ်သောပန်း လို ပွင့်လင်းရဲတင်း ရင်ဆိုင်ရဲတဲ့ စိတ်မရှိတဲ့အခါ အရာရာမှာ ဟန်ဆောင် မာယာတွေနဲ့ပဲ ပြန်ပတ်သက်နေရတာပဲမလား…။

အခုလည်း မျက်ရည် မျက်ခွက်ဖြင့် ယောက္ခမ ရှေ့ ဟန်ဆောင် ငိုကြွေးပြမိပြန်သည်။

“ဘယ်လိုလုပ်တာလဲ…စွမ်းရည်ကျော်…မင်း ခုချက်ချင်း အမေ့အိမ်ကို လာခဲ့စမ်း…”

ယောက္ခမ ဆိုသူက ပခုံးပုတ်အားပေးသလို သူ့သားကိုလည်း မာန်မဲရင်း ဖုန်းပြောနေသည်။

‌ယောက်ျားဖြစ်သူနဲ့ ရန်ဖြစ်ပြီး မိုးလင်းကတည်းက ပျောက်သွားတဲ့ ယောက်ျားကို စိတ်မကောက် စိတ်မဆိုးနိုင်ပဲ အတင်းဖက်တွယ်လိုက်ခေါ်မိတာ ရှက်ရကောင်းမှန်းလည်းမသိပါဘူး..။

ယောက်ျားတစ်ယောက်ကို အရာအားလုံး ပုံအောပြီး ဆွဲထားတက်တဲ့ မေမေ့ဘ၀ကို  မကြိုက်ခဲ့ပေမဲ့ မေလေးလည်း မေမေ့လမ်းစဉ်ပဲ လိုက်ခဲ့တာပဲမလား..။

အရှက်ကို အသက်နဲ့ လဲမယ်ဆိုတဲ့ မိန်းကလေး ဘ၀ကိုတောင် စွမ်းအတွက် အရှက်နဲ့လဲပစ်ခဲ့တာပဲမလား..။

သူများ တံတွေးခွက် မှာ မေလေး နာမည်က ကမ္ဗည်းထိုးပြီးသားပါ..။

မာနနဲ့ အရှက်သိက္ခာ ကို ဘ၀နဲ့ အတူ မြုပ်နှံလိုက်ရပြီးပြီ…။

မေမေ့ နည်းလမ်းအတိုင်း ယောက်ျားတစ်ယောက်ကို ကလေးနဲ့ သွေးဆောင်ဖြားယောင်း သိမ်းသွင်းပြီး ဆွဲထားရတဲ့ မိန်းမ ဘဝရောက်နေပြီးပြီပဲ..။

ပျိုးWhere stories live. Discover now